😈[DSH-Part22]🦋 မင်းကို ‌အထီးကျန်မှုမရှိရလေအောင် ထွေးပွေ့ထားပါ့မယ်

453 39 15
                                    

#unicode

Fated: Devil's Scarlet Heart

🦋>>မင်းကို ‌အထီးကျန်မှုမရှိရလေအောင် ထွေးပွေ့ထားပါ့မယ်<<🦋

"ရိပေါ်... ကိုယ်တို့ မနေ့ညက..."

"မရှိခဲ့ဘူးလို့ သဘောထားလိုက်... မဟုတ်လည်း ကျွန်တော်က ယောက်ျားလေးလေ..."

"...အဲ့လိုဆိုပေမယ့်လည်း..."

ရိပေါ်က ရှောင်းကျန့်အပြောကို ဂရုမစိုက်စွာနဲ့ စကားဆက်ပြောလာသည်။

"...ထိခိုက်နစ်နာသွားခဲ့တာမှ မရှိတာ..."

"ရိပေါ်... ကိုယ်လေ...မင်းကို..."

ရိပေါ်က ခါးပေါ်မှ ရှောင်းကျန့်လက်တွေကို ဖြုတ်ချလိုက်ပြီး ရှောင်းကျန့်နဲ့ အနေအထားချင်းဝေးဖို့ အနောက်နှစ်လှမ်းလောက်ဆုတ်လိုက်ပြီးမှ ဆက်ပြောလာခဲ့သည်။

"ကျွန်တော်က ဝမ်ရိပေါ်ပါ... Sean, တစ်ညတာအတွက်အစားထိုးခဲ့ပြီးပြီးပဲ... ကျေနပ်လိုက်ပါတော့"

ရိပေါ် ဒီစကားကိုဆိုရတာ နာကျင်ပေမယ့်လည်း တစ်ညလုံးနီးနီးသိခဲ့ရတဲ့ အမှန်တရားတွေက လက်ခံဖို့အတွက် တွေးခေါ်တတ်တဲ့ ဦးနှောက်ဆီ‌မှာရော၊ ခံစားတတ်တဲ့ နှလုံးသားဆီမှာရော သံမှိုလိုစွဲကျန်နေခဲ့ပြီ။ သူက ဒီအတိုင်း အစားထိုးခံလိုက်ရုံအပြင် မပိုခဲ့ပါဘူး။

"အစားထိုးတာ?? ရိပေါ် ဘာကိုဆိုလို..."

ဒီကောင်လေးက မနေ့ညတုန်းက သူအသိစိတ်လွတ်နေတုန်း တစ်ခြားတစ်ယောက်နဲ့ မှားယွင်းပြီးညစ်ညမ်းမှုပြုလုပ်ခဲ့တာလို့ တွေးနေတာလား။

တစ်ကယ်တော့ ရှောင်းကျန့်, အစက သူ့မြင်ကွင်းထဲ လန်အာနဲ့ရိပေါ်ကို တစ်ထပ်တည်းကျသွားကာ မြင်ယောင်ခဲ့ရပြီး နှုတ်ကနေ လန်အာဆိုတဲ့ နာမည်လေးကိုသာ ခေါ်နေခဲ့မိတာကို မငြင်းပါဘူး။ ဒါပေမယ့် ရိပေါ်ဆီက “ကိုကို ကျွန်တော် ကြောက်တယ်”လို့ တားဆီးစကားဆိုလာချိန်မှာတော့ အသိစိတ်လေးပြန်ကပ်မိတယ်။ ဒါကြောင့်မို့ လန်အာလို့‌မခေါ်တော့ဘဲ သူ ရိပေါ်ကို စတွေ့ကတည်းက မသိစိတ်ကနေခေါ်ချင်နေခဲ့တဲ့ ကလေး(ပေါင်ပေ့)လို့ ခေါ်မိသွားခဲ့တယ်။

🦋🅵︎🅰︎🆃︎🅴︎🅳︎ ᗪ乇ᐯIᒪ'S Scarlet H E A R T😈(Hesitate)Where stories live. Discover now