Chapter_117

3.7K 579 18
                                    

Zawgyi
{ ၅လ - ၂ }

တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးခဲ့ပြီး အပူချိန်တို့လည်း လျော့ကျလာခဲ့တယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်တစ်နှစ်ရဲ့နောက်ဆုံးချိန်ကို ရောက်လာခဲ့ချေတယ်။ မြို့ထဲရှိနေရာတော်တော်များများတွင်လည်း ကျရောက်တော့မယ့်နှစ်သစ်အတွက် အောင်ပွဲခံပွဲတော်များ ရှိနေတတ်သည်။

ရီကျန်းရဲ့ဗိုက်လေးသည် တဖြည်းဖြည်းပူထွက်လာခဲ့လေပြီဖြစ်သည်။ အခုတွင် သူမရဲ့ကိုယ်ဝန်ဟာ ၅လရှိပြီဖြစ်ပြီး ကလေးသည်လည်း အကောင်အထည်ပေါ်လာခဲ့ပြီဖြစ်၏။ မနက်ပိုင်းတွေ ခံစားရသောပျို့အန်တတ်သည့်ကိစ္စမျိုးလည်း မရှိတော့ချေ။ လုမိသားစုရဲ့ဂရုစိုက်မှုအောက်တွင် ရီကျန်းသည် သူမရဲ့ပိန်သွယ်သွယ်ခန္ဓာကိုယ်ပုံစံလေးမှ ပြည့်ပြည့်ဖောင်းဖောင်းလေး ဖြစ်လာခဲ့သည်။

အဖိုးလုသည် လာမယ့်နှစ်သစ်အတွက် ပွဲတော်ကျင်းပရာ၌ ပါဝင်ရန် ဘိုးဘွားပိုင်စံအိမ်မှ လုအိမ်ဆီသို့ ရောက်လာခဲ့လေသည်။ အဖိုးလုသည် ရီကျန်းကို တွေ့ချိန်၌ စာအိတ်နီ ကြီးကြီးပေးလေတယ်။ ရီကျန်းဟာ ထွေထွေထူးထူးစဉ်းစားမနေဘဲ လူအိုကြီးရဲ့စေတနာကို လက်ခံခဲ့လေ၏။

အဖိုးလုသည် ရီကျန်းရဲ့ကိုယ်ဝန်အခြေအနေကို တွေ့တဲ့အခါ အတော်လေး ပျော်ရွှင်သွားခဲ့ပုံပင်။ အဖိုးလုဟာ ရီကျန်းအား လိုအပ်တာရှိ မရှိမေးပြီးနောက်တွင် ဘိုးဘွားပိုင်စံအိမ်ရှိအိမ်ဖော်များထဲမှ ကိုယ်ဝန်အတွေ့အကြုံရှိသောအိမ်ဖော်တို့ကို လုအိမ်ဆီသို့ ပြောင်းလာခိုင်းလိုက်လေသည်။

အဖိုးလုသည် ဘိုးဘွားပိုင်စံအိမ်မှ ပြန်မလာခင်က ရီကျန်းရဲ့ကိုယ်ဝန်ကိစ္စကို ကြားသိပြီးသားဖြစ်သော်လည်း စိတ်ထဲသိပ်မထားခဲ့ချေ။ သို့သော်ရီကျန်းရဲ့ကိုယ်ဝန်အခြေအနေကို မြင်ပြီးနောက်မှာတော့ အတော်လေး ပျော်ရွှင်သွားပုံပင်။

အဖိုးလုဟာ ယခုချိန်၌ ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံးအရာတွေကို ဝယ်ပေးချင်နေမိသည်။ သူဟာ အခုမှသာ သူ့ချွေးမဖြစ်သူ အမေလုရဲ့ခံစားချက်ကို နားလည်လာခဲ့လေတယ်။

အဖိုးလုသည် လွန်ခဲ့သောနှစ်ဝက်လောက်က တိတ်တဆိတ်နေနေတတ်ပြီး ပင်ပန်းလွယ်နေခဲ့ပေ၏။ သို့သော်ယခုတွင်တော့ စကားများများ ပြန်ပြောခဲ့တဲ့အပြင် ကျန်းမာရေးအခြေအနေလည်း ကောင်းမွန်လာခဲ့လေသည်။ သူဟာ ရီကျန်းရဲ့မွေးမလာသေးတဲ့ကလေးလေးကို တွေ့ရဖို့ မစောင့်နိုင်တော့ပေ။

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now