Chapter _ 46

20K 1.4K 105
                                    

Unicode
********

" ဆိုတော့ နင်က အကို့ကိုယ်လုပ်တော်ပေါ့..."

ရုတ်တရက် ပန်းခရမ်း ဆိုတဲ့မိန်းကလေးဆီ
ကနားဝင်မချိုလှသည့်စကားကိုကြားလိုက်
ရတာကြောင့် ရှိုင်းစေ လှည့်ကြည့်လိုက်
သည် ။ သူ့ကိုအထင်သေးစွာ ရွံ့ရှာသလိုမျက်
လုံးတွေနဲ့စိုက်ကြည့်နေသည်မှာ ကိုကို ရှိစဥ်
တုန်းကနဲ့တခြားစီ ။

ကိုကို့ချစ်သူပါလို့ ကိုယ့်ကိုကိုယ်မိတ်ဆက်
လိုက်တော့ ရှိုင်းစေ ကိုလှောင်ရယ်သည့်မျက်
လုံးတွေဖြင့်ကြည့်ကာကြိတ်ရယ်၏ ။

" ဟက်....ခြေတော်တင်ခံရတဲ့အဆင့်လေးကို
ချစ်သူတဲ့လား...ကောင်လေး မင်း ကို အကို
ဘယ်လောက်ပေးလဲ...ငါက မင်းကို ၂ ဆပေး
မယ်.အကိုဘေးကထွက်သွားပေးလို့ရမလား "

ရှေ့ကိုချက်လက်မှတ်တစ်စောင်ထိုးပေးပြီး
ကိုကို့ အနားကထွက်သွားဖို့ပြောနေတဲ့ သူမ
ကိုကြည့်ကာ ရှိုင်းစေ နားမလည်နိုင် ။ ကိုကို
ကတစ်ချိန်ကျရင် သူလက်ထပ်မယ့်သူလေ
ဘာကိစ္စ ကိုကို့ အနားကထွက်သွားပေးရမှာ
တုန်း ။

ပြီးတော့ ရှိုင်းစေ ကိုအပျက်ကောင်သာသာ
ဆက်ဆံနေသည့် ထိုမိန်းကလေးကိုသည်းမ
ခံနိုင်တော့တဲ့စိတ်က ရင်ထဲကနေတစ်လိပ်
လိပ်တက်လာသည် ။

" ကျွန်တော့် ကိုကန်ထုတ်ပြီး မမ က ကိုကို့
ကုတင်ပေါ်တက်နိုင်မယ်ထင်လို့လား "

ရှိုင်းစေ ကိုစူးစူးစိုက်စိုက်ကြည့်ပြီးဒေါသ
ထွက်နေပုံရတဲ့ သူမ ကဒါလေးပြောတာကို
မခံမရပ်နိုင်ဖြစ်နေတဲ့ပုံဖြင့်... ။

" ငါက အကို့ကုတင်ပေါ် တစ်ညဘဲတက်ခွင့်
ရရင်တောင် နင့်လို ကလေးမမွေးပေးနိုင်တဲ့
အခြောက်ကောင်ထက်တော့သာတယ် "

အခြောက်ကောင်တဲ့လား.... သူ့ကိုဘယ်လို
ဘဲပုတ်ခတ်ပြောဆိုနေပါစေအတတ်နိုင်ဆုံး
သည်းခံပေးခဲ့ပေမယ့် ကိုကို့ သိက္ခာကိုပါ
စော်ကားပစ်လိုက်တာကိုတော့ ရှိုင်းစေ သည်း
မခံနိုင်ပါ ။

" အာ...ဒီအခြောက်ကောင်ကမှ ကိုကို့ အောက်
မှာအော်ညည်းခွင့်ရသေးတယ်...ရုပ်ကလေးလှ
ရဲ့သားနဲ့ ပိုင်ရှင်ရှိနေတဲ့လူကိုမှငမ်းငမ်းတက်
နေတဲ့ မမ ကတော့ ကိုကို့ ရတနာလေးနိုးလာ
အောင်တောင်လုပ်နိုင်မယ်မထင်ဘူး..."

💞 Eternal Love 💞 { Completed }Where stories live. Discover now