အပိုင်း(၂၅) U/Z

5.9K 679 15
                                    

Unicode

အမတ်ချုပ်စောရဲ့ အကြံစည်ကတော့
မိဖုရားခေါင်ကြီးကို ဓားပြတိုက်သည့်ပုံစံမျိုးနဲ့ လုပ်ကြံမှာပါပဲ
ဘုန်းတော်ကြီးကျောင်း ဝန်းကျင်က ဓားပြတွေ
ကြီးစိုးသည့်နေရာပေ။

ဘုန်းတော်ကြီးကျောင်းကို ဓားပြဝင်တိုက်လို့
မတော်တဆ သေသလို ကြံစည်နေခြင်းပင်
မဟုတ်ရင် သူမဆီမှာ ရှိတဲ့ သက်သေတွေ
ဘုရင့်လက် ထဲရောက်သွားလိမ့်မယ်။
အဲ့တာကြောင့် မရောက်ခင် တားဆီးရပေလိမ့်မည်။
အကောင်းဆုံးကတော့ ဝင်ရှုပ်တတ်တဲ့ မိဖုရားခေါင်ကြီးကို
ရှင်းပစ်ခြင်းပါပဲ။

နောက်တစ်နေ့မနက်.....
ဆိုးဟီဂျူတို့ သားအမိ အမတ်ချုပ်ဆိုးအိမ်တော်မှ
ဝေါယာဉ်နဲ့ ထွက်လာခဲ့ပါတယ်။
"ဟီဂျူ သမီးလေး မေမေတို့ ဘုရားကျောင်းအပြန်
သမီးရဲ့ အဘိုးအဘွားတွေ ဆီ ဝင်ကြမလား
သမီးကို အဘိုးတို့က တွေ့ချင်နေကြတာ
မေမေတို့လဲ မတွေ့ရတာ ကြာပြီလေ ''
သခင်မယန်က အေးချမ်းလွန်းပါတယ်
လောဘမရှိ ဒေါသမရှိ စည်းစိမ်တွေ
မတပ်မက််တတ် ဘာသာတရားကိုင်းရှိုင်းသူ
တစ်ယောက် သူမက ဒေါသထွက်ခဲပေတယ်။
သူမရဲ့ ဆောင်ပုဒ်ကတော့
"အကောင်းဆုံးလက်ဆောင်က ခွင့်လွှတ်ခြင်းပဲ''
ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားတတ်တယ်။
အခုလဲ သူမစကားပြောလျှင် နားဝင်ချိုပြီး
အေးချမ်းပါပေတယ်။

"ဟုတ်ကဲ့ သမီးလဲ လွမ်းနေတာပါ အဘိုးတို့နဲ့
မတွေ့တာကြာပြီဆိုတော့ နေကောင်းလား
သတင်းမေးရမှာပေါ့မေမေ ဒါဆို ဘိုးဘိုးတို့လဲ
ပျော်သွားမှာပါ''
သူမ သိတတ်မှုလေးတွေနဲ့ ပျားရည်ကဲ့သို့
ချိုသာတဲ့အသံလေးနဲ့ပြောလိုက်တယ်။

အဘိုးယန်က ရေကြောင်းစစ်သူကြီးတစ်ဉီးပါ
သခင်မယန်ရဲ့ အစ်ကိုကလဲ ရေကြောင်းစစ်သူကြီး
အမွေကို ဆက်ခံထားသူပါ အစ်ကိုယန်ရဲ့အမျိုးသမီး
က ကလေးမရနိုင်ပါဘူး အဲ့တာကြောင့်
ဆိုးဟီဂျူတို့ မောင်နှမ နှစ်ယောက်ကိုပဲ သူတို့ရဲ့
သားသမီးတွေလို ချစ်ကြတယ်
အဘိုးတွေကလဲ သူတို့ရဲ့မြေးနှစ်ယောက်ကို
အလိုလိုက်ကြပါပေတယ်။

သူမတို့ ဖြောင်းယန်းကို မနက် ၈နာရီလောက်က
ထွက်လာခဲ့တယ် မြင်းလှည်းဝေါယာဉ်နဲ့မို့
ညနေ(၃)နာရီ ရောက်သွားခဲ့တယ်။
ဒါကမြန်ဆန်တယ်လို့ ပြောရပေမယ်။
ကုန်သည်တွေဆိုလျှင် တစ်ညအိပ်ရတတ်ပါတယ်။

ငါကယုတ်မာတဲ့ဗီလိန်မိဖုရားရဲ့ကိုယ်ထဲရောက်သွားတယ် [Zawgyi &Unicode ]Where stories live. Discover now