Sysponis

3.2K 133 1
                                    


Unicode

ဟေးအန်ကျင်းမှာ အစွန်း​ရောက်သည့်လူမျိုးဖြစ်သည်... စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတဲ့လူတွေကို ကစားရတာသဘောကျသည်... Devilတစ်ကောင်သည် စိတ်ကောင်းဝင်နေလျှင် သဘောကောင်းနိုင်ပေမဲ့ ဒေါသထွက်နေရင်တော့ အလွန်ကြောက်စရာကောင်း၏...  အတုမရှိထက်မြတ်ပြီး အေးစက်တဲ့နှလုံးသားရှိသူတစ်ယောက်သည် အခြားလူတွေကို အပျင်းပြေဖျော်ဖြေရေးသမားအဖြစ်သာဆက်ဆံသည်...

ငရဲပြည်ကိုအုပ်ချုပ်တဲ့ အရှင်သခင်ဖြစ်သည့် ငရဲမင်းသည် ရက်စက်ကာ သနားညှာတာမှုမရှိသည်မှာ သူ၏ပင်ကိုဇရိုက်ဖြစ်သည်... သို့သော် သူ့နှလုံးသားမှာ လူတစ်ယောက်အတွက် လှုပ်ရှားသက်ဝင်လာလေသည်... သူ့အချစ် သူ့ခံစားချက် သူ့စွဲလမ်းမှုက ထိုလူသားတစ်ယောက်တည်းအတွက်သာ ဖြစ်တည်လာလေသည်...

မှတ်ဉာဏ်တွေမှာ အကြောင်းပြချက်တချို့ကြောင့် ချိပ်ပိတ်ခံထားရ၏... ငရဲမင်းရာထူးမှာလည်း ဆုံးရှုံးသွားပြီး သူ့ဝိဉာဉ်မှာ မတူညီသည့်ကမ္ဘာတွေသို့ ပျံ့ကျဲသွားလေသည်... 

ထို့နောက်တွင်တော့ ထိုသူအား ထိုကမ္ဘာတွေထဲတွင် တွေ့ဆုံခဲ့ရသည်... ကောင်းကင်ဘုံရဲ့ သားတော်၊ သမီးတော် (ဇာတ်လိုက်၊ ဇာတ်လိုက်မ) တွေကို အနိုင်ကျင့်ကာ ဇာတ်ကြောင်းတွေကို အတူတူဖျက်ဆီးပစ်ပြီး အဆုံးမရှိတဲ့ ပရမ်းပတာတွေကို ဖန်တီးခဲ့သည်... MCနဲ့ ML နှစ်ယောက်လုံးမှာ ဦးနှောက်တွင် ပြဿနာအနည်းငယ်ရှိနေသည့် Psychopath များဖြစ်သည်... ကမ္ဘာကြီးက အဆုံးသတ်သွားမှာလား.... ဒါမှမဟုတ် အကောင်းတိုင်းကျန်ခဲ့မှာလား....

"ကိုယ်မင်းနောက်ကိုလိုက်လာပြီး မင်းကို ကိုယ့်ရင်ခွင်ထဲမှာ ထပ်ခါထပ်ခါ အကျဉ်းချထားမယ်... မင်းနောက်ထပ် လွတ်မြောက်ဖို့ မကြိုးစားတော့တဲ့အထိပေ့ါ.... မင်းကကိုယ့်ရဲ့ စွဲလမ်းမှုဖြစ်ပြီး ကိုယ့်ရဲ့အရာရာပါ"

"ကျွန်တော့်ကိုရှာပြီး ဖမ်းထားမယ်?? ခင်ဗျားလုပ်နိုင်သမျှ ကာလပတ်လုံး ကမ္ဘာအဆုံးထိ ခင်ဗျားဘေးမှာ ကျွန်တော်ရှိနေမှာပါ... ကျွန်တော် ခင်ဗျားအတွက် ဘာတွေလုပ်ခဲ့လဲဆိုတာ ခင်ဗျားသိစရာမလိုပါဘူး"

ဇာတ်ကြောင်းတွေကိုဖျက်ဆီးရတာ သဘောကျတယ်(ဘာသာပြန်)Where stories live. Discover now