Part 20

14.8K 456 17
                                    

Unicode

"မဟုတ်လောက်ပါဘူး ငါ ငါ အမြင်မှားနေတာနေမှာပါ"

နှင်းဖုန်းကိုပြန်ယူကြည့်တော့လည်း ခုနကအတိုင်းမပြောင်းလဲပေ။

ပုံထဲမှာမင်းမြတ်ကကုတင်တစ်ခုပေါ်ရောက်နေပြီး ထိုခုတင်မှာ မိန်းကလေးသုံးတဲ့ကုတင်မှန်းသိသာသည်။
မင်းမြတ်မှာအင်္ကျီမပါတာကြောင့် အပေါ်ပိုင်းမှာဗလာကျင်းနေသည်။ခုအခြေအနေက အများကြီးစဉ်းစားစရာတောင်မလို ဘယ်လိုအခြေအနေမျိုးလဲဆိုတာ တန်းသိနိုင်သည်။

ပါးပြင်ပေါ်ကပူနွေးနွေးခံစားချက်ကြောင့် စမ်းကြည့်လိုက်တော့ မျက်ရည်တွေ။
သူမအခုငိုနေမိပြီ။
ရင်နင့်စွာ နာကျင်စွာနဲ့။

သူမကတကယ်အရူးပင်။သူကသူမကို ချစ်တယ်လို့ပြောလိုက်တာနဲ့ဘဲသူမအရာအားလုံးကိုမေ့သွားခဲ့တယ်။
သူကလားသူမကိုချစ်မှာ။
လက်စားချေမှုကိုအကြမ်းနည်းမသုံးဘဲအနုနည်းသုံးသွားတာ။

ရှင်နိုင်ပါတယ်ကိုမင်းမြတ်သူရိန်

ရှင်ကအောင်နိုင်သူပါ ကျွန်မနှလုံးသားကိုနင်း‌ခြေပြီး
ကျွန်မကိုအနိုင်ယူသွားတာ

နှိပ်စက်တာတွေအစားဒီလိုနည်းနဲ့ အနိုင်ယူသွားတဲ့ ရှင့်ကို ကျွန်မတကယ်လေးစားမိတယ်
ကျွန်မနှလုံးသား ကျွန်မခံစားချက်တွေကိုနင်းခြေပြီး အနိုင်ယူသွားတာ

သူမကတကယ်ကိုတုံးအလွန်းပါသည်။
သူကသူမကိုချစ်တယ်လို့ပြောတာနဲ့ဘဲ သူကသူမအပိုင်မှမဟုတ်တာ။ပြီးတော့ဒီလိုအခြေအနေကိုလည်း သူမမှာ သဝန်တိုခွင့်မရှိဘူးလေ။သူမက အပြင်လူ။
သူမကသူ့ရဲ့အလုပ်သမားသာသာကျွန်တစ်ယောက်။

သူသူမကို ချစ်တယ်လို့ပြောတုန်းက သူမ‌အတော်ပျော်သွားတာကိုပြန်စဉ်းစားမိလိုက်တော့ ငို‌နေတဲ့ကြားကတစ်ချက် သူမနာကျင်စွာရယ်မိလိုက်သည်။

ဒီနေ့ညဘဲကျွန်မကိုငိုခွင့်ပေးပါ။
ဒီနေ့ညဘဲကျွန်မနှလုံးသားရဲ့နာကျင်မှုကိုခံစားခွင့်ပေးပါ။
ဒီနေ့တစ်ညဘဲ။
မနက်ဖြန်ဆိုအရာအားလုံးကပုံမှန်ပြန်ဖြစ်သွားမှာပါ။
ဒီနေ့တစ်ညလေးဘဲ။ဒီနေ့တစ်ညလေးပါဘဲ...။

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Where stories live. Discover now