အခန်း (၁၉)

1.6K 155 35
                                    

Unicode

ဘုန်းသာလျှံသည် Barတွင် ဖြစ်ခဲ့သော အဖြစ်အပျက်များကြောင့် သလင်းက်ို မျက်နှာပြရန်အခက်တွေ့နေလေ၏။

လောလောဆယ်အခြေအနေမှာတော့ မျက်နှာချင်းမဆိုင်ရဲသေးပေ။

ခက်သည်က မနက်ဖြန်ဆိုလျှင် ရုံးတက်ရပေတော့မည်။

မနက်အိပ်ရာနိုးတော့ အိမ်အကူအဒေါ်ကြီးပြင်ပေးသည့် မနက်စာကိုစားလိုက်ပြီး အိပ်ခန်းထဲသာပြန်ဝင်နေပြီး ကုတင်ပေါ်လှဲကာ စဥ်းစားခန်းဝင်နေလေသည်။

စဥ်းစားနေတုန်းမှာပဲ ခေါင်းအုံးဘေးတွင်ချထားသည့် ဖုန်းဆီက ဖုန်းမြည်သံကြားလိုက်ရသည်။

Contactကိုကြည့်လိုက်တော့ သလင်းဆီမှပင်ဖြစ်သည်။

ကိုင်သင့်မကိုင်သင့် စဥ်းစားနေရင်းနှင့်ပင် ဖုန်းကကျသွားတော့၏။

ဖုန်းက ပြန်မဝင်လာတော့သဖြင့် ဘုန်းသာလျှံလည်း ပြန်မခေါ်မိတော့။

သူဖွင့်ပြောတဲ့အချိန်က စောလွန်းသွားသလား၊ နောက်ကျသွားသလားဆိုတာ သူကိုယ်တိုင်လည်း အသေအချာမ​ပြောတတ်။

စောလွန်းသည်ဆိုတာက သူ့ကိုမချစ်သေးသည့် သလင်းကို ဖွင့်ပြောမိတာဖြစ်ပြီး

နောက်ကျသည်ဆိုတာက အရင်ကတည်းက ဖွင့်ပြောထားပြီး စဥ်းစားချိန်ပေးခဲ့သင့်တာကို တွေးမိ၍ဖြစ်သည်။

ဒီလောက် ၆ နှစ်ကြာအောင် အတူတူရှိနေခဲ့ကြရာ ရင်ထဲက တစ်နေရာရာမှာရှိလိမ့်မည်ဟု သူတွေးထား၏။

ဘယ်လောက်ပဲ အတူတူရှိနေပါစေ အနေနီးတိုင်းသံယောဇဥ်ဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ရှိသလို မြင်မြင်ချင်းအချစ်ဆိုတာမျိုးရှိနေသေးသည်။

သူကသာ သလင်းအပေါ် မြင်မြင်ချင်း ချစ်ခဲ့ပေမယ့် သလင်းရဲ့ မြင်မြင်ချင်းအချစ်က သူမဟုတ်ဘဲ ဘာမဟုတ်တဲ့ ဟိုကောင် သွေးသစ်ဉာဏ်ဖြစ်နေ၍ ဘုန်းသာလျှံပိုပြီး မကျေမနပ်ဖြစ်နေခြင်းပင်။

ဒါပေမယ့်လည်း သူသည် သလင်းက်ို ဖိအားမပေးချင်ပေ။ တစ်ဖက်သားရဲ့ စိတ်ဆန္ဒသဘောအတိုင်း ပေါ်ထွက်လာသည့် ခံစားချက်အစစ်အမှန်ကိုသာ သူလက်ခံသည်၊ တန်ဖိုးထားသည်၊ ခံယူချင်သည်။

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now