အခန်း (၂၀)

1.7K 148 24
                                    

[Unicode]

အချိန်ရာသီစက်ဝန်းလေးသည် မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန်နှင့် သူ့အလုပ်သူလုပ်နေလေသည်။

အခုဆို သွေးသစ်ရဲ့ စာမေးပွဲနောက်ဆုံးရက်ဖြစ်ရာ ကတိပေးထားသည့်အတ်ိုင်း သွေးသစ်ကိုလာကြိုရခြင်းပင်။

တာဝန်ယူထားသည့်လုပ်ငန်းတစ်ခုလုံးကို တခြားသူအား တာဝန်လွှဲပေးကာ သွေးသစ်တို့၏ ကျောင်းCanteenတွင်ထိုင်နေလေသည်။

ဘုန်းသာလျှံကလည်း ခွင့်ပြုပေးသည့်အတွက် သလင်းအတွက် အဆင်ပြေလှသည်။

"အစ်ကိုက သလင်းနွေဟုတ်ပါတယ်နော်''

ဒီကျောင်းနဲ့ပတ်သတ်ပြီး ဘာမှလည်းမသိ၊ ဘယ်သူနဲ့မှလည်း မသိသည့်မတွက် မိမိကိုလာမေးသည့် ကောင်လေးကိုကြည့်လိုက်တော့

ခပ်နွမ်းနွမ်းဝတ်ဆင်ထားသည့်ပုံစံအရ သလင်းထိုင်နေသည့်ဆိုင်မှ စာပွဲထိုးတစ်ဦးဖြစ်မှန်း သလင်းရိပ်မိလိုက်သည်။

"အင်း.၊ ညီလေး ဘာကိစ္စရှိလို့လဲ''

"လူတစ်ယောက်က ဒါလေးပေးခိုင်းလိုက်လို့ပါ''

​ရှေ့သို့ကမ်းပေးလာသည့် စာအိတ်တစ်အိတ်။

သလင်းသည်ထိုစာအိတ်ကို လှမ်းယူလိုက်ပြီး ဟိုဘက်ဒီဘက် အပြန်ပြန်ကြည့်နေလိုက်သည်။

သို့သော် နာမည်တစ်လုံးမှမပါပေ။

"ဘယ်သူကပေးခိုင်းတာလဲ ညီလေး''

"ဒီက ကျောင်းသူတစ်ယောက်ပါပဲ အစ်ကို၊ နာမည်တော့မသိပါဘူးဗျ''

"အင်း ခဏနော်ညီလေး၊ ထိုင်ပါဦး''

"ဟုတ်"

သလင်းသည် ထိုကလေးကို ဘေးတွင်ဝင်ထိုင်ခိုင်းလိုက်ပြီး စာအိတ်ကိုဖွင့်ကြည့်နေ၏။

စာအိတ်ပွင့်သွားပြီးနောက် အတွင်းမှအရာကို သလင်းထုတ်ကြည့်လိုက်တော့ ဓာတ်ပုံအချို့ပင်။

ဓာတ်ပုံတွေကိုကြည့်ရင်း သလင်းကိုယ့်မျက်လုံးကိုယ်ပင် မယုံချင်ပေ။

[ကျွန်တော့်နှလုံးသားရဲ့ ပထမဦးဆုံးနဲ့ နောက်ဆုံး အရှင်သခင်မလို့ နှလုံးသားကို ရင်းနှီးပြီး အပိုင်ယူလိုက်တာ]

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now