Chapter - 113

10K 1.1K 65
                                    

Unicode
~~~~~~~

ဆုန်းချူတို့ ရှန်ဟွှာကိုရောက်တော့ လုယီလေးက ခြံဝင်းထဲမှာတစ်ယောက်ထည်းဆော့ကစားနေပြီး အနောက်မှသက်တော်စောင့်များက အရိပ်တကြည့်ကြည့်စောင့်ကြည့်နေကြတယ် … ကလေးလေးကအမြဲပြုံးရယ်နေတတ်ပြီး အဖော်မရှိလျှင်ပင် ပန်းခြံထဲမှာပန်းတွေခူးပြီး သူ့ဖခင်လုပ်နေကြအတိုင်း ပန်းစည်းလေးတွေပြုလုပ်ရတာနှစ်သက်သူပင် … ဆုန်းချူကိုမြင်တော့ လုယီလေးပြေးလာပြီး လက်ထဲကပန်းစည်းသေးသေးလေးကို ကမ်းပေးကာ ပျော်ရွှင်စွာဖြင့် နှုတ်ဆက်လိုက်တယ် …

" ဒေါ်ယေးချူချူ "

" အားရီးဂူး … လုယီလေးကစကားတတ်လိုက်တာကွယ် … လာပါအုံး "

ဆုန်းချူကလုယီလေးကိုပွေ့ချီလိုက်ပြီး သူတို့အတူ အိမ်ထဲသို့ဝင်လာကြတယ် … ဧည့်ခန်းထဲက မြင်ကွင်းကြောင့် သူတို့အားလုံး ရပ်တန့်လိုက်ကြတယ် … ဖန်းဂူက မင်းယွီပေါင်ပေါ်မှာအိပ်မောကျနေခြင်းပင် … ဆုန်းချူမရှိတဲ့အတွင်း ဖန်းဂူအကျင့်တွေပျက်နေတယ် … သားလေးကိုအစောင့်တွေနဲ့လွှတ်ထားပြီး သူကတော့ မင်းယွီရင်ခွင်ထဲမှာ ခလေးဆိုးကြီးလုပ်နေလေရဲ့ …

" ညီမလေး … ပြန်လာပြီလား "

မင်းယွီနှုတ်ဆက်လိုက်တော့မှ မင်းယွီပေါင်ပေါ်မှာလှဲကာအိပ်ဆက်နေတဲ့ ဖန်းဂူထလာတော့တယ် … သူ့ပုံစံကမကြည်မသာနဲ့ သူတို့ရဲ့ကြည်နူးစရာအချိန်လေးကိုနှောက်ယှက်လိုက်လို့ ဒေါသထွက်နေပုံပင် … ယာရှာတစ်ယောက် သခင်ဖြစ်သူရဲ့မျက်နှာထားကိုကြည့်ပြီး အသက်ပင်ရဲရဲမရှူရဲတော့ပေ …

ဒီရက်တွေအတွင်းမှာ ဖန်းဂူအလင်းလောကရဲ့စီးပွားရေးလုပ်ငန်းတွေကြားမှာ ပိတ်မိနေ၍ မိသားစုနဲ့အချိန်ကုန်တာနည်းလာတယ် … အမြဲရှန်ဟွှာကိုသွားပြီး အဖိုးဖြစ်သူထံကသခင်ကြီးတစ်ယောက်သိသင့်တဲ့ မိတ်လုပ်ငန်းစုတွေရဲ့အကြောင်း လေ့လာရ အလုပ်ကစည်းဝေးပွဲတွေတက်ရနဲ့ နားရတဲ့အချိန်မရှိသလောက်ပင် … ဒီကြားထဲပါတီပွဲတွေကပါထပ်ဖိတ်ကြားလာပြန်တော့ ညဘက်တွေထိအလုပ်လုပ်နေရ၍ အိပ်ရေးပင်မဝရလောက်တဲ့ထိ ပင်ပန်းနေပြီ … ဒါကြောင့်မို့ နားရက်လေးမှာ လုယီနေရာတွင်ခနနေကာ မင်းယွီကိုချွဲနေခြင်းပင် … ခုတော့ အိပ်ပျော်မယ်ရှိသေးအနှောက်တွေကရောက်လာပြန်ပြီ …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now