Chapter - 114

9.5K 1.2K 135
                                    

Unicode
~~~~~~~

အခန်းငယ်လေးအတွင်းမှာတော့ ရန်အာနှစ်ခြိုက်စွာအိပ်မောကျနေပြီး သူ့ရဲ့အသားအရည်ဟာဖြူလျော့လို့နေတယ် … ရှုမန်း ရန်အာအားအရိပ်တကြည့်ကြည့်ဖြင့်ကြည့်ကာ စောင့်ရှောက်ခဲ့သည်မှာ တစ်ပတ်ပင်ရှိခြေပြီ … ဆေးစွဲနေတဲ့လူတစ်ယောက်ကို ဆေးဖြတ်ဖို့က ကိုယ်ခံအားရှိဖို့လိုတယ် … ရန်အာကနကိုကတည်းကမှအားမရှိတဲ့သူတစ်ယောက်ဖြစ်နေ၍ သူသောက်နေကြဆေးတွေဖြတ်ဖို့ကမလွယ်ကူဘူး … ယခင်လိုပုံမှန်လူတစ်ယောက်ပြန်ဖြစ်လာဖို့ အချိန်အတော်ယူရလိမ့်မယ် …

ဖြူဖျော့နေတဲ့ကိုယ်လေးကို ရှုမန်း ရေစိုအဝတ်နဲ့ရေပတ်တိုက်ပေးနေရင်း ရန်အာကိုယ်လေးအရမ်းပိန်သွားတာကိုသတိထားမိလိုက်တယ် … အရိုပေါ်ကအသားတွေကပါးလွန်း၍ ရင်အုံရဲ့အရိုးမြှောင်းတွေကအတိုင်းသား … ဝမ်းဗိုက်ကချပ်နေခြင်းက အထဲမှာဘာအစာမှမရှိ၍ဖြစ်မယ် … လက်လေးတွေကပျော့နေပြီး အထိမခံနိုင်လောက်အောင်နုယွနေတယ် … မျက်နှာလေးကတော့အရင်လိုချောမောနေပေမဲ့ နှုတ်ခမ်းလေးတွေကပန်းဆီရောင်မသန်းတော့ပဲ အဖြူရောင်ဖြစ်နေပြီး သေချာကြည့်လျှင် လူသေအလောင်းတစ်ခုနှင့်ပင်တူနေတယ် …

ရှုမန်းရေပတ်တိုက်ပေးနေရင်း သူဒီအိမ်ကိုစရောက်လာကတည်းက ရန်အာအစာစားတာကိုမမြင်ဖူးခဲ့ခြင်းအားသတိရသွားတယ် … တကယ်ပဲသူ့ရဲ့ရန်အာက လူသားတစ်ယောက်ကနေမွေးဖွားလာတဲ့အသွေးအသားမဟုတ်လေပဲ အစမ်းသပ်ခံသန္ဓေသားဆိုတာအမှန်အကန်ဖြစ်လေမလား စပြီးသံသယဝင်လာခဲ့တယ် …  ထိုစဉ်သူဆုတ်ကိုင်ထားတဲ့လက်ဖြားလေးကလှုပ်ရှားလာပြီး အချိန်အတော်ကာပိတ်နေခဲ့တဲ့မျက်ဝန်းလေးတွေက လှုပ်လာလေတော့တယ် …

" ရန်အာ … မင်းသတိရလာပြီလား "

" ကိုကို "

ရန်အာသူ့အရှေ့ကလူသားအား မြင်ယောင်နေမိတာလားဆိုတဲ့အတွေးနဲ့ လက်ကိုဆန့်ထုပ်ကာ ရှုမန်းပါးပြင်အားစမ်းသပ်နေမိတယ် … သူ့ရဲ့အဖြစ်မှန်ပေါ်သွားပြီးနောက် ရှုမန်းသူ့ကိုထားသွားမည်ထင်ခဲ့ပေမဲ့ ခုတော့ သူ့အရှေ့မှာ ထိုပုံရိပ်လေးကပျောက်ကွယ်မသွားပဲ ရှိနေဆဲပင် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now