Chapter - 115

8.4K 1.2K 77
                                    

Unicode
~~~~~~~

" သခင်ကြီး … ရှုမန်း ရောက်နေတယ် "

အစောင့်တစ်ယောက်ရဲ့အသိပေးစကားကြောင့် ချန်းအိမ်တော်ကြီးထဲမှာထိုင်နေကြတဲ့လူတွေအားလုံး တိတ်ဆိတ်သွားကြတယ် … ထိုထဲကအသက်ငယ်ရွယ်ပြီးမောက်မာတဲ့သခင်လေးတစ်ယောက်က ချက်ချင်းထပြောလိုက်တယ် …

" ဘာလာလုပ်တာလဲလို့မေးပြီး အရေးမကြီးရင်မောင်းထုတ်လိုက် "

သူကတော့ချန်းမျိုးရိုးရဲ့အငယ်ဆုံးသခင်လေးချန်းယောင်ပင် … လွန်ခဲ့သောနာရီပိုင်းကမှ ရှန်ဟွှာနဲ့အစည်းအဝေးပွဲမှာပြဿနာတက်ပြီးဒေါသထွက်ကာ ပြန်ရောက်လာခြင်းဖြစ်တယ် …

ရှန်ဖန်းဂူရဲ့ နည်းစနစ်မှန်မှန်လုပ်ရပ်တွေကြောင့် အလင်းလောကရဲ့စီးပွားရေးလုပ်ငန်ရှင်အားလုံးက ရှန်ဟွှာအပေါ်ယခင်ကထက်ပိုပြီး ယုံကြည်အားကိုးလာကြတယ် … ထိုသို့ပြောင်းလဲသွားမှုက ချန်းမျိုးရိုးရဲ့ရည်မှန်းချက်တွေကိုပိတ်ဆိုးလိုက်သလိုပဲ … ဒါကြောင့်မို့ အချိန်ဆွဲမနေတော့ပဲ ရှန်ဖန်းဂူကို ဆွဲချဖို့တိုင်ပင်နေကြခြင်းပင် …

ထိုစဉ်ချန်းသခင်ကြီးကအကြံတစ်ချို့ရရှိသွားပုံပင် …

" ရှုမန်းကို ဝင်လာခိုင်းလိုက် "

သခင်ကြီးကခိုင်းတာမို့ ဘယ်သူမှ မတားရဲကြတော့ပေ … ပြီးနောက် အိမ်တော်တွင်းသို့ရှုမန်းဝင်ရောက်လာခဲ့တယ် …

" ရှုမန်း … မတွေ့တာတောင်ကြာပြီ "

သခင်ကြီးက မျက်နှာထားပြောင်းလဲသွားကာ ရှုမန်းအားဖော်ရွေစွာကြိုဆိုနေတယ် … ဒါကသူ့ရဲ့မျက်နှာဖုံးတစ်ခုဆိုတာ လူတိုင်းအားလုံးသိကြတယ် … ရှုမန်းကလဲ လာရင်းကိစ္စကိုသာ ဒဲ့ပဲပြောလိုက်တယ် …

" Mr.ချန်ဆောဒို … ရန်အာနဲ့စာချုပ်ကဘယ်တော့သက်တမ်းပြည့်မှာလဲ "

ဒီလူတွေကိုတိုက်ခိုက်ဖို့ဆိုရင် သူ့ရဲ့အနှောင်အဖွဲ့တွေနဲ့လွတ်ကင်းနေမှဖြစ်မယ် … ချန်းသခင်ကြီးက ခပ်ဟဟရယ်လိုက်ရင်း …

" ရန်အာလား … သူမင်းကိုနောက်ဆုံးတော့ ပြောပြလိုက်ပြီပေါ့ "

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now