အပိုင်း ၁၈

5.1K 431 29
                                    

   Unicode

                 နံနက်ခင်း နေရောင်ခြည်ရဲ့အလင်းတန်းများက ချစ်ခြင်းများနှင့်အိပ်စက်နေတဲ့စုံတွဲအပေါ်သို့ ပြတင်းပေါက်မှတဆင့် ထိတွေ့လာတယ်။ မျက်လုံးကို စူးလာသောကြောင့် ပိုင်ဝေ့ရှင်း မဖွင့်ချင်သေးသောမျက်လုံးများအား အသာအယာဖွင့်လိုက်ရာ ရှင်းသန့်ပြီး ခန့်ညားနေတဲ့မျက်နှာတခုကို မြင်လိုက်ရတယ်။ အားပါး စောက်ရမ်းချောတယ် နှာခေါင်းမျက်လုံးနှုတ်ခမ်း   တခုချင်းစီက စောက်ရမ်းမိုက်တယ် ဘော်ဒီကြီးကလဲ ဆစ်ပက်တွေနဲ့ကြွက်သားတွေချည်းပဲ ။

        ဟုတ်ပါသည် ပိုင်ဝေ့ရှင်းပါ လူမမှားပါဘူး။  အရငအကဆဲထားအပြစ်တင်ထားသမျှအတိုးချပြီး ချီးမွမ်းခန်းဖွင့်နေသော မိဝေ့ရှင်းပင်ဖြစ်သည်။  မိုးလင်းလင်းချင်း လင်တော်မောင် ချောကြောင်းခန့်ကြောင်းပြောနေရင်း ခန္ဓာကိုယ်အားထိတွေ့စမ်းသပ်နေရာ ရှေ့ကလူက မျက်လုံးဖွင့်သွားတာကိုပင်မသိဘဲ အတွေးလွန်လေရဲ့။

          ရှီဖုန်း တကယ်ဆို ပိုင်ဝေ့ရှင်းမနိုးခင်ထဲကနိုးနေခြင်းဖြစ်သည်။ ရင်ခွင်ထဲရှိ စောင်နှင့်လုံးနေသောအကောင်သေးသေးလေးအား ငုံ့ကြည့်ကာ ညက အချစ်ပွဲအထိမ်းအမှတ်အဖြစ်ပေးထားသော အမှတ်အသားများအား နမ်းရှိုက်လိုက်သည်။  ခြေလက်ဆန့်ရင်း လှုပ်ရှားလာသောသူမကြောင့် ပြန်အိပ်ချင်ယောင်ဆောင်လိုက်တယ်။ သူနိုးနေတာကိုတောင်မရိပ်မိပဲ ချောတယ်ပြောလိုက် ခန့်တယ်ပြောလိုက်နဲ့  သူနားမလည်တဲ့စကားလုံးတွေပါသေး ဗိုက်ရှိကြွက်သားများအား လာထိချိန် အသာမျက်လုံးဖွင့်ကြည့်ရာ လိုချင်ရာ ရသောကလေးငယ်လို သဘောကျနေတာကိုတွေ့လိုက်ရတယ်။
ဒါတောင်မသိသေးတဲ့သူမအား ရင်ဘတ်ထဲထည့်ကာဖက်ပလိုက်သည်။

''  ဟင်   ရှင် နိုးနေတာလား... ဘာလို့မပြောတာလဲ.. ''

''  ကိုယ်ပြောချိန်ရလို့လား... တကိုယ်လုံးကို လိုက်ထိနေတာဘယ်သူလဲ  ''

''   .......  ''

'' ကဲပါ   ကိုယ်တို့ အိပ်ရာထဲက ထကြစို့... မဟုတ်ရင် ထဖြစ်မှာမဟုတ်တော့ဘူး.. ဒီည အခမ်းအနားပွဲတခု နန်းတော်မှာ ကျင်းပဖို့ရှိတယ်  ကိုယ် ဦးဆောင်ပြီးလုပ်ရမှာမို့ ကိုယ် သွားရဦးမယ်..  မင်းလဲလိုက်ခဲ့ရမယ်.. ''

ချစ်သောဗီလိန်လေး 1  (Complete) Where stories live. Discover now