Chapter 118

3.9K 639 16
                                    

Zawgyi
{ မင်းကို ဒီနေရာမှာပဲ စောင့်နေမယ် - ၁}

အိမ်တော်ထိန်းသည် အဖိုးလုမှာသည့်အတိုင်း ကျောက်စိမ်းဝယ်ဖို့ မြန်မာနိုင်ငံသို့ လူတစ်ယောက်စေလွှတ်ရန်၊ အတော်ဆုံးပန်းပုဆရာကို ရှာဖွေထားရန် စသည်တို့ကို ပြင်ဆင်ရပေတော့တယ်။
~~~~~~~
နှစ်ဟောင်းကုန်ဆုံးသွားခဲ့ပြီး နှစ်သစ်သို့ ရောက်ခဲ့ပြီ။ ဆောင်းရာသီရဲ့အငွေ့အသက်တို့ စွန့်ခွာလာခဲ့ပြီး နွေဉီးသို့ ရောက်ခဲ့လေသည်။ ရီကျန်းရဲ့ဗိုက်သည် တစ်နေ့တစ်ခြား ပိုပိုပူလာခဲ့ပေ၏။ သူမသည် ယခုတွင် အိပ်တဲ့အခါ ဘေးတစ်စောင်း အိပ်နေရပြီး သူမရဲ့ခြေလက်တို့ဟာလည်း ဖောင်းကားလို့နေလေသည်။ ဒါ့ပြင် ကျောခုံးနဲ့ခါးတို့မှာလည်း တစ်ခါတစ်ရံတွင် သေလောက်အောင် နာကျင်ခံစားရတတ်၏။ ဒါတင်မကသေး ညအချိန်မတော်တွင် ခြေထောက်ကြွက်တက်တာကြောင့် လန့်နိုးရပေါင်းလည်း မနည်းပေ။

လုပေရွှမ်းဟာ ရီကျန်း ထိုသို့လန့်နိုးလာတိုင်း ခြေထောက်ကို နှိပ်နယ်ပေးတတ်မြဲပင်။ ခြေထောက်ကြွက်တက်လို့ ငိုနေတဲ့ဇနီးသည်ကို တွေ့တိုင်း လုပေရွှမ်းသည်လည်း ထပ်တူထပ်မျှ နာကျင်ခံစားမိပေတယ်။ သို့သော် သူလုပ်ပေးနိုင်တာဆိုလို့ ရီကျန်းကို ပွေ့ဖက်ထားပေးပြီး နှစ်သိမ့်ပေးရုံသာရှိ၏။

" နောက်ထပ် ကလေးထပ်မယူဘူးနော် " ရီကျန်းဟာ မျက်ရည်တို့ သုတ်ရင်း ဆိုလိုက်၏။

ညလယ်ကြီး ကြွက်တက်လို့လန့်နိုးပြီးနောက်တွင် ပြန်အိပ်မပျော်တာ​က ပိုပြီးဆိုးဝါးလှသည်။

ရီကျန်းသည် သူမရဲ့ဗိုက်လေးကို ခပ်ဖွဖွပုတ်လိုက်ပြီး  " ကောင်စုတ်လေး... မင်း အပြင်ရောက်ရင် အပြစ်ပေးခံရမယ် "

လုပေရွှမ်းဟာ ရီကျန်းကို ဖက်ထားလိုက်ရင်း " ဟုတ်တယ်။ သူ့ကို အပြစ်ပေးရမယ် "

" ကြားတယ်နော် ကလေးလေး။ ဖေဖေနဲ့မေမေဆီက အပြစ်ပေးတာကို မခံချင်ရင် အထဲမှာ လိမ်လိမ်မာမာနေ။ မဟုတ်ရင်တော့ အပြင်ရောက်ရင် အပြစ်ပေးခံရလိမ့်မယ် "

ဗိုက်ထဲမှ ကလေးသည် ရီကျန်းပြောလိုက်သည့်စကားကို နားလည်သည့်အလား ရီကျန်းရဲ့ဗိုက်က ကန်လိုက်လေတယ်။

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now