အပိုင်း(၄၀) U/Z

5.1K 517 16
                                    

Unicode

မကြာမီ အချိန်မှာပဲ အိမ်ထဲကလူတွေ လှုပ်လှုပ် ရှားရှား
ဖြစ်လာကြတယ်။ ကုန်တင်လှည်းကြီးသုံးစီးကို ယောကျာ်းသုံးယောက် တွန်းလာပြီး ပတ်ဝန်းကျင်ကို အကဲခက် စစ်ဆေးကာ ထိုအိမ်ထဲကို ဝင်သွားလေရဲ့။

ဆိုးဟီဂျူလဲ ထိုလှည်းနဲ့ လူနှစ်ယောက်ကို မသင်္ကာြဖစ်မိရဲ့။

'နောက်ဆုံးတော့ လှုပ်ရှားပြီပဲ..အခု..ငါ့အလှည့်ပေါ့'
အိမ်ရှေ့စံ မျက်ဝန်းတွေ့မှေးကျဉ်းသွားပြီး ချောမောတဲ့
မျက်နှာထက်၌ ဆွဲဆောက်မှုရှိတဲ့ နှုတ်ခမ်းတစ်စုံဟာ
တစ်ဖက်တည်းပြုံးပြီး ထိုင်ရာမှ မတ်တပ်ထရပ်ကာ
ထိုအိမ်ရဲ့ ဘေးဘက် နံရံ အုပ်တံတိုင်းကို
စတင်ချဉ်းကပ်ကာ အိမ်ကြီးရဲ့ အတွင်းထဲသို့
ချောင်းကြည့်ရန် နိမ့်သော နံရံတံတိုင်းကိုရှာလေရဲ့။

ဆိုးဟီဂျုလဲ အိမ်ရှေ့စံကို လိုက်ချောင်းရင်း
'သူဘာလုပ်နေတာလဲ အိမ်ထဲကို ချောင်းကြည့်မို့လား
မိသွားရင် ဘယ်လိုလုပ်မလဲ ဘာလုပ်ဖို့ကြံနေတာလဲ'
သူမ မျက်ခုံးတို့ တွန့်ကွေးသွားပြီး စူးစမ်းသိချင်နေရဲ့။

လူအရပ်နဲ့ မတိမ်းမယိမ်း အနည်းငယ်နိမ့်တဲ့ နံရံကို
အိမ်ရှေ့စံ ရှာတွေ့ကာ နံရံပေါ်သို့ လက်တင်၍
ချောင်းကြည့်လိုက်တယ်။
အိမ်ထဲတွင် လှည်းကြီးပေါ်မှ သေတ္တာတွေကို လူခြောက်ယောက်လောက် ဝိုင်းချပြီး သေတ္တာတွေကို ဖွင့်ကာ
စစ်ဆေးလိုက်တယ်။ ထိုသေတ္တာထဲဝယ် ဆားတုံးတွေပင်။

ကြည့်ရတာ ဆားတုံးသေတ္တာ စုစုပေါင်း၅၀
လုံးလောက်ရှိတယ်။ သေတ္တာရဲ့အလျားက
(၁)ပေခွဲလောက်ရှိပြီး အနံက(၁)ပေ
ထုထည်က(၁)ပေလောက်ရှိတယ်။ ထိုသေတ္တာ
အရွှယ်အစားက မြို့တော်တွေကို တင်ပို့တဲ့ ဆားတုံး
သေတ္တာအရွှယ်အစားနဲ့ တူပေတယ်။ ကြည့်ရတာ စာရင်းပျောက် သေတ္တာတွေ ဖြစ်ဖို့များပေတယ်။

အိမ်ရှေ့စံ ကျောက်ရုပ်ဆရာကို ရဲမက််တွေ စုခိုင်းထားပြီး စောင့်ခိုင်းထားပေမယ့် အချိန်ကိုက်လာပါ့မလား မသိ။
ကိုယ်ရံတော်ဂါအူကိုတော့ နယ်စပ်ကို ချင်မှောင်ခိုဂိုဏ်းကလူ
ဖြောင်းယန်း ဆိပ်ကမ်းဆိုက်ချိန် ဖမ်းရန် အမိန့်ပေးထားလေတယ်။ ထိုလူရဲ့ ပုံစံကို စုံစမ်းရင်းသိလိုက်ရလေတယ်။
ထိုချင်မှောင်ခိုဂိုဏ်းကလူက ကိုရီးယားလူမျိုးပင်။

ငါကယုတ်မာတဲ့ဗီလိန်မိဖုရားရဲ့ကိုယ်ထဲရောက်သွားတယ် [Zawgyi &Unicode ]Where stories live. Discover now