ကလေးရဲ့လူကြီး (Part-9)

538 54 3
                                    

Unicode
_______

ဒီနေ့ဟာဆယ်ဟွန်းရဲ့ ပထမဆုံးအလုပ်ဝင်ရတဲ့နေဖြစ်သည်။ဒါကြောင့်...နောက်ကျ၍မဖြစ်တာ
ကြောင့်..စောစောထကာပြင်ဆင်ပြီးထွက်လာခဲ့သည်။
.
.
ဆယ်ဟွန်းကုမ္ပဏီကိုရောက်တော့..ကုမ္ပဏီကကောင်မလေးတွေရဲ့မျက်လုံးဆယ်ဟွန်းဆီမှာ.တက်ကပ်တော့မယ့်အတိုင်း..။

ဆယ်ဟွန်းလည်း..ထိုအရာတွေကိုဂရုမစိုက်ပဲ..သူ့အားလာကြိုသည့်သူနောက်သို့လိုက်ကာ..သူ၏ရုံးခန်းထဲလာခဲ့သည်။

"သူဋ္ဌေး..အလိုရှိတာမှန်သမျှကျွန်တော်ကိုပြောပါနော်.."

"ဟုတ်ကဲ့..ဒါနဲ့.ခင်ဗျားနာမည်က.."

"ကျွန်တော်နာမည်က..ကင်ဂျုံအင်ပါ.."

"အော်..ဟုတ်ကဲ့..အသက်ကရော"

"အသက်က..25ပါခင်ဗျာ"

"ကျွန်တော်ထက်ငယ်တာပဲ..ဒါဆို.ဂျုံအင်လို့ပဲခေါ်မယ်ရလား"

"ဟုတ်ကဲ့..သူဋ္ဌေး..သူဋ္ဌေးအဆင်ပြေသလိုသာခေါ်ပါ"

"ကောင်းပါပြီ...ကျွန်တော်ကို.ဝန်ထမ်းတွေဆီလိုက်ပို့ပေးလိ​ု့ရမလား..ဝန်ထမ်းတွေနဲ့လည်းမိတ်ဆက်ရတာပေါ့"

"ဟုတ်ကဲ့..သူဋ္ဌေး..ဒါဆို..ကျွန်တော်နောက်လိုက်ခဲ့ပါ"

ဆယ်ဟွန်းခေါင်းတစ်ချက်ငြိမ့်ပြပြီး..ဂျုံအင်နောက်ကိုလိုက်သွားလိုက်သည်။
.
.
.
.
.
ဗုန်း~

လုဟန်..လွယ်အိတ်ကို.စားပွဲပေါ်သိုပစ်ချလိုက်သည်။

"အမယ်လေး..လန့်လိုက်တာ.လုဟန်ရယ်..ဘာဖြစ်လာတာလဲ"

"ဘာဖြစ်ရမှာလဲ..မင်းဦးလေးလုပ်ပုံကောင်းရဲ့လား"

"ဟင်...ငါ့ဦးလေးက.မင်းကိုလုပ်လိုက်ပြီလား..သွက်နေရောပဲ.."

"ပတ်ချန်းညောလ်..မင်းဘာတွေလာပြောနေတာလဲ.."

"မသိဘူးလေ..မင်းပဲငါ့ဦးလေးလုပ်ပုံကောင်းရဲ့လားဆို."

"ငါဒေါသတွေမင်းဆီရောက်ကုန်မယ်နော်.."

"စတာပါကွာ..ကဲပြော..ဘာဖြစ်လာတာလဲ"

"ဘာဖြစ်ရမှာလဲ..ဒီနေ့ငါ့ကိုကျောင်းလိုက်မပို့ဘူးလေ..ငါကစောင့်နေတာ..မလာမလာနဲ့..မင်းအိမ်သွားကြည့်တော့..ကားလည်းမရှိ.အိမ်တံခါးကြီးကလည်းပိတ်ထားတယ်."

ကလေးရဲ့လူကြီး။ (Complete)Where stories live. Discover now