深深的痛苦 (Unicode)

60 6 0
                                    

​ငွေ​ရောင်​တလက်​လက်​ထ​နေသည့် ဓားရှည်​တစ်​လက်​က သူမ၏ နှလုံးအိမ်​အတွင်း ထိုး​ဖောက်​ဝင်​​ရောက်​သွားခဲ့သည်​။

နှလုံးသားမှ စိမ့်ထွက်​လာသည့် ​သွေးတို့သည်​ သူမ ဝတ်​ဆင်​ထားသည့် စိမ်း​ဖျော့​ဖေ့ဝတ်​စုံ​ပေါ်မှာ နီ​စွေး​စွေး ပီအိုနီပန်းတို့ ပွင့်လန်း​နေသည့်နှယ်​။

ှူသူမ ရင်​ဝမှာ တန်းလန်းစိုက်​​နေသည့် ဓားကို သူ အထိတ်​တလန့်နှင့် ကြည့်ကာ ​ဆတ်​ခနဲ ပြန်​ဆွဲထုတ်​ပစ်​လိုက်​တာမို့ သူမ နာကျင်​မှု​ကြောင့် ​သွေးတို့ ပွက်​ခနဲ အန်​ကျသည်​။

သူ့ လက်​ထဲက ဓားကို သူ လွှင့်ပစ်​လိုက်​ပြီး ​မြေပြင်​​ပေါ် ရပ်​နိုင်​စွမ်းမဲ့ကာ ​ပျော့​ခွေကျသွားသည့် သူမ ခန္ဓာကိုယ်​​လေးကို လှမ်း​ပွေ့လိုက်​သည်​။ သူ့ မျက်​ဝန်းမှာ ခိုတွဲ​နေသည့် မျက်​ရည်​စ​တွေကို မြင်​​တော့ ​နာကျင်​မှုများကြားမှ သူမ ခပ်​ယဲ့ယဲ့ ပြုံးမိသည်​။

သူမ လက်​​ကို ​မြှောက်​ကာ သူ့ ပါးပြင်​ဆီ လှမ်းမိ​တော့ သူက ငုံ့လာကာ သူမ လက်​နဲ့ ထိ​တွေ့​စေသည်​။ ငို​နေတဲ့ သူ့ကို မြင်​ရတာ နာကျင်​လိုက်​တာ။

သူ့ မျက်​ရည်​​တွေကို ကြည့်ရင်း ကျူးအာ ဝမ်းနည်းစိတ်​​ကြောင့် .. မျက်​ဝန်းက​နေ မြေပြင်​​ပေါ် ခုန်​​ပေါက်​​ပြေးဆင်းသွား​တဲ့ မျက်​ရည်​စ​တွေက ပုလဲအသွင်​​ပြောင်းလဲကုန်​လျက်​။

ပုလဲ !. အဲဒီ ပုလဲ ​တွေ​ကြောင့် အခုလို ဒုက္ခ​ရောက်​ရတာ ! လူသား​တွေရဲ့ အ​တောမသတ်​နိုင်​တဲ့ ​လောဘ​တွေ​ကြောင့် သူမ ဒီလို ဒုက္ခ​ရောက်​ရတာ။

" မ ငို နဲ့ "

သူမ ​ပြောလိုက်​​တော့ သူက မျက်​ရည်​​တွေကို ပွတ်​သုတ်​ပစ်​လိုက်​ပြီး အလျင်​အမြန်​ ​ခေါင်းညိတ်​သည်​။

" မငိုဘူး .. ကျူးအာ .. ငါ မငိုပါဘူး "

သူ့အ​နောက်​မှာ ရပ်​​နေသည့် သူ​တွေက မမြင်​ရက်​သည့်အလား တိတ်​တဆိတ်​ လှည့်ထွက်​သွားတာ မြင်​​တော့ သူမ ရယ်​မိသည်​။ ရယ်လိုက်​တိုင်း နာကျင်​မှုကို အဆမတန်​ ခံစားရ​သော်​လည်း သူမ ရယ်​မိသည်​။ ဒီလို​တွေ ဖြစ်​လာဖို့ ဖန်​တီးခဲ့ကြတာ ဘယ်​သူ​တွေလဲ။ သူမကို သတ်​ဖို့ အတင်း ဖိအား​ပေးခဲ့ကြတာ ဘယ်​သူ​တွေလဲ ?.. အခုကျမှ သူ​တော်​​ကောင်း​ ​ယောင်​​ဆောင်​ ​နေလိုက်​ကြတာ !

>>လွမ်းပုံပြင်<< Z+U [[One Shot//Completed]]Where stories live. Discover now