Episode(17)

4.2K 490 113
                                    

(Unicode)

"တကယ်စိတ်မကောင်းဘူး၊ ငါတို့က ချမ်းမြေ့ ကိစ္စတစ်ခုခုကြောင့် ရပ်နားတင်သွားတယ်လို့ပဲ သိခဲ့တာ"

"ဘယ်သူမှမသိခဲ့ဘူး..."

ချမ်း အားနည်းနေတဲ့ပုံစံကို မြင်လိုက်တဲ့ အဲလက်စ်သောင်းတန်က အလုပ်ကိစ္စတွေပြီးတာနဲ့ ချမ်းအကြောင်းကို မေးလာတာမို့ ကောင်းထက်နိုင် ပြောပြနေခြင်းဖြစ််သည်။

"ငါ Personalကို စပ်စုတာမဟုတ်ပေမယ့် မင်းတို့၂ယောက်က အခုထိ..."

သူငယ်ချင်းအုပ်စုကလွဲပြီး ဘယ်သူမှ မသိခဲ့တဲ့ ကောင်းနဲ့ချမ်းရဲ့ အချစ်ရေးကို အဲလက်စ်သောင်းတန် ရိပ်မိခဲ့ပုံရသည်။ အခုလည်း အရမ်းသိချင်နေတဲ့ မျက်ဝန်းတွေနဲ့မေးလာရှာသည်။

"အင်း အရင်လိုပဲ"

ကောင်းထက်လည်း မရင်းနှီးတဲ့သူကို အိတ်သွန်ဖာမှောက်ရှင်းပြလိုစိတ်မရှိတာကြောင့် အပေါ်ယံသာ ဖြေပေးလိုက်သည်။

"Wow.."

အဲလက်စ်သောင်းတန်က wowတစ်လုံးပြောပြီး ဘာမှဆက်မမေးတော့။ 

"handoverလုပ်ထားတဲ့ ကိစ္စတွေမှာ မရှင်းတာရှိရင် ချက်ချင်းလှမ်းမေးလို့ရတယ်။ ဒီprojectက ငါကိုင်ခဲ့တာဆိုတော့ တစ်ခုခုဆိုရင် ဆက်သွယ်လိုက်"

"Okay"

"ကောင်းပါပြီ ကိုကောင်းထက်"

ကိုယ်စားလှယ်နှစ်ယောက်ကို နှုတ်ဆက်ပြီးတာနဲ့ ကောင်းထက် သူ့စားပွဲဆီကို ထွက်လာခဲ့လိုက်သည်။ ကောင်းထက်ကို မြင်တော့ သူ့teamက လူတွေက မျက်နှာမကောင်းကြ...။ အလုပ်ထွက်သွားတာကို စိတ်မကောင်းဖြစ်နေတာဆိုရင် ပိုမှန်ပါသည်။ သူ့နောက်ကနေ လိုက်လာတဲ့ မန်နေဂျာကိုထင်လင်းကို အလုပ်ကိစ္စများလွှဲပြီးသွားတာနဲ့ teamတစ်ခုလုံးကို နှုတ်ဆက်ရသည်။

"ကိုကောင်းထက် မကောင်းဘူးဗျာ"

"ရုတ်တရက်ကြီး မပြောမဆိုနဲ့ ထွက်သွားတော့ ညီမတို့က ဘယ်လိုလုပ်ရမလဲ"

2.ရိုးမြေကျ / ရိုးမြေကျ True Love S-2 (Completed)Where stories live. Discover now