Part-57(အသားယူခံလိုက်ရသော အိကျိအိကျိလေးနှစ်ခု)

24.7K 2.1K 118
                                    

(Zawgyi)🍀🍀🍀🍀

Part-57
(ကိုယ်..ချစ်သော clover..!!..)

သစ်မိုးအိမ် အခန်းထဲရောက်သည်နှင့် ရွက်စိမ်းကို
အိပ်ရာပေါ်သို့ ဂရုတစိုက်ချပေးလိုက်ကာ အိပ်ရတာ
အဆင်ပြေအောင် လုပ်ပေးလိုက်သည်။

နီမြန်းသောနှုတ်ခမ်းလေးကိုထော်ကာ ခပ်ကွေးကွေး
လေး အိပ်နေသောရွက်စိမ်းကိုယ်လေးက သစ်မိုးအိမ်
၏ သန်မာကာတောင့်တင်းသော လက်မောင်းများဖြင့်
သာ ပွေ့ဖက်လိုက်ပါက တစ်ပွေ့စာသာရှိသည်။

ဤသည်မှာ ရွက်စိမ်းကအကောင်သေးလွန်းသော
ကြောင့်မဟုတ်ဘဲ အရပ်ရှည်ရှည်နှင့်သစ်မိုးအိမ်၏
ခန္ဓာကိုယ်တည်ဆောက်ပုံက တောင့်တင်းလွန်း
သောကြောင့်သာဖြစ်သည်။ ဒါကြောင့်လည်း အချိန်
တိုင်းလိုပင် ရွက်စိမ်းကိုအရုပ်လေးတစ်ရုပ်အလား..
ပွေ့ချီနေနိုင်ခြင်းဖြစ်သည်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ရွက်စိမ်းက
Daddyထက်နောင်နှင့်ဆင်တူညဝတ်အင်္ကျီကို
ဝတ်ဆင်ထားသည်။ အဝါလိုလိုအဖြူလိုလိုခပ်ဖျော့
ဖျော့အရောင်ပေါ်တွင် ဖရဲသီးစိတ်လေးများပါသော
ဝတ်စုံကို ရွက်စိမ်းကဝတ်ဆင်ထားပြီး Daddy
ထက်နောင်က ဖရဲသီးများမပါသောအရောင်တူ
ပုံစံတူဝတ်စုံကိုဝတ်ဆင်ထားခြင်းဖြစ်သည်။

ဝတ်စုံလေးက ရွက်စိမ်းနှင့်လိုက်ဖက်လွန်းကာ
အလွန်ချစ်စရာကောင်းနေသော်လည်း သစ်မိုးအိမ်
ကတော့ သဘောမကျပေ။ လုံးဝလိုက်ဖက်မှုမရှိ
ဘဲ သူ၏အက်ႌအႀကီးႀကီးမ်ားကို ညအိပ္ဝတ္စံု
အဖြစ်ဝတ်ဆင်ထားလေတိုင်း အင်္ကျီအကြီးကြီးထဲ
မြှုပ်နေသော ကိုယ်သေးသေး၏ပုံရိပ်ကို လုံးဝမမှီ
ပေ..။ သူ့အင်္ကျီကြီးများကိုယူဝတ်လေတိုင်း ရွက်စိမ်း
က ဖက်ထုပ်ပေါင်းလေးနှင့်တူသည်။ ပူပူလောလော
ဖြင့် တစ်ခါတည်းမြိုချပြစ်ချစရာကောင်းသည်။

သစ်မိုးအိမ် မျက်လုံးများကို မှေးကျဉ်းကာရွက်စိမ်း
ကိုယ်ပေါ်မှ ညအိပ်ဝတ်စုံကိုကြည့်လိုက်သည်။ သူ
၏ မျက်လုံးများက လေဆာရောင်ခြည်များထွက်
တော့မတတ်စူးရဲနေပြီး ပိန်းမှောင်နေကာ..
အရည်ရွှမ်းသောဖရဲသီးလေးကို အခွံခွာဖို့ပင်..
မစောင့်နိုင်ဘဲ စားချင်နေသူလိုပင်ဖြစ်သည်။

Clover your'e my clover[Completed]Where stories live. Discover now