Zawgyi
ကုဖုန်းမော့ဟာ ဦးဆောင်ခေါ်လာရင်း လော့ရှန်ဟွာတို့ဘက်ကို ကြည့်ကာ
"ဒီနားက Hot dog Domiဆိုင်က စားကောင်းတယ်လို့ ကြားတယ် ရှန်ဟွာ စားချင်တယ်မလား" လို့ ပြောလိုက်တော့ လော့ရှန်ဟွာလည်း ခေါင်းညိတ်လိုက်ကာ လက်ခံကြောင်းပြောလိုက်သည်၊သူအနေနဲ့ ဘာပဲဖြစ်ဖြစ် အဆင်ပြေပြီး အဓိကက ရေခဲမုန့်စားချင်သည်သာဖြစ်သည်၊ဒါကြောင့် ထန်းဟော်ရှကိုပင် မျက်စိမျက်စပစ်ပြလိုက်သေးသည်၊စာကြည့်တိုက်ရောက်သည်နှင့် ခိုးထွက်ရန်ဖြစ်သည်၊
ထိုလိုနဲ့ သူတို့ Taxi ငှါးကာ မြို့ထဲဘက်ကို ထွက်လာတော့သည်၊ကုဖုန်းမော့ပြောသည့် Domi hot dogဆိုင်ဟာ တကယ်ကိုပင် အဆင့်မြှင့်လွန်းအားကြီးသည်၊Domi ဆိုင်လို့လည်း ဆိုလိုမရသလိုပဲ၊Domi စက်များသာရှိသည့် အခင်းအကျဉ်းပြုလုပ်ထားကာ ဘေးပတ်ဝန်းကျင်ကို လှပသည့်ပန်းဥယျာဉ်ပုံစံဖန်တီးထားကာ အေးဆေးအနားယူစားသောက်လို့ရအောင် ခုံတန်းလေးတွေပင် ပြုလုပ်ထားသေးသည်၊ အထူးခြားဆုံးကတော့ Domiစက်တွေကနေ တဆင့် ကိုယ်စားချင်သည့်ပုံစံ Hot dog မှာလို့ရခြင်းဖြစ်သည့် ကောင်းမွန်သည့်ဝန်ဆောင်မှုကြောင့်ပင်၊အရင်ဆုံး ကုဖုန်းမော့ဟာ သူတို့ကို ဘယ်လိုမှာရကြောင်း သရုပ်ဖော်ပြသတော့သည်၊
စက်ထဲကို $5 အရင်ဆုံးထည့်သွင်းရပြီး ကြိုက်နှစ်သက်သည့် ပုံစံမျိုးစုံမှာယူနိုင်သည်၊အရင်ဆုံး Domi hot dogကနေ ကြိုဆိုပါ၏ ဆိုသည့်စာတန်းပေါ်လာပြီးနောက် သင်ရဲ့အသက်အရွယ်ကိုမေးမြန်းပါလိမ့်မည်၊နောက်မေးခွန်းကတော့ ဂျုံ သို့မဟုတ် မြေပဲနဲ့ဓာတ်မတည့်လား မေးမြန်းပါလိမ့်မယ်၊ဘာလို့မေးလည်း ကျုပ်လော့ရှန်ဟွာလည်း မသိဘူး၊သိချင်ရင်တော့ Domiတည်ထွင်သူကိုသာ သွားရောက်မေးမြန်းကြည့်လိုက်ပါ၊ ထိုနောက် hot dogအမျိုးအစားများ ပေါ်လာလိမ့်မည်၊ကုဖုန်းမော့ကတော့ sonoran hot dogကို ရွေးချယ်လိုက်ခြင်းဖြစ်သည်၊ထို sonora hot dogထဲမှာ အပူပေးထားကာ အလယ်ခွဲထားသည့်ပေါင်မုန့်ရှည်၊ဝက်ဆားနယ်ခြောက်နဲ့ပတ်ကာ ကြော်ထားသည့် ဝက်အူချောင်း၊တုံးတုံးတစ်တစ်လှီးထားသည့် ခရမ်းချဉ်သီး၊ကြက်သွန်နီ၊မုန့်ညင်းဆော့စ်၊mayonnaise၊jalapeño ငရုတ်သီးဆော့စ် တို့ပါဝင်သည်၊ အချို့စားသုံးသူတွေကတော့ ပြုတ်ထားသည့်ပဲစေ့များထည့်ကာ စားသုံးတတ်ကြပေမယ့် ကုဖုန်းမော့ကတော့ မကြိုက်တာကြောင့် မထည့်ထားပေ၊ နောက်ပြီး မိနစ်အနည်းငယ်စောင့်ရန် စက်ရဲ့အပေါက်သေးလေးတစ်ပေါက်ကနေ နံပါတ်ကြားတစ်ကဒ်ထွက်လာတော့သည်၊

YOU ARE READING
Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား(Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား)
RomanceZawgyi/Unicode Started date: 25.oct.2020 End date: ???????? လော့ကျန်းပေ့ x လော့ရှန်ဟွာ