Chapter _ 47

18.4K 1.4K 75
                                    

Unicode
********

ညိုးဝေအုံ့မှိုင်းနေတဲ့ကောင်းကင်ကြီးကတစ်
စုံတစ်ယောက်အပေါ်အငြိုးကြီးနေသကဲ့သို့..။
မှန်တံခါးအပြင်ဘက်ကိုခပ်ဆွေးဆွေးငေးနေ
တဲ့ကောင်လေးတစ်ယောက်ရဲ့မျက်နှာလေး
ကပကတိကြည်လင်ရှင်းသန့်လျှက် ။

မနက်ခင်းတိုင်း ရှိုင်းစေ ရဲ့တစ်နေ့တာကိစ္စ
အားလုံးကိုအစီစဉ်ချပေးပြီးမှ company
သွားတတ်တဲ့ ကိုကို ကအခုတော့သူမနိုးခင်
ကတည်းက ထွက်သွားခဲ့သည်တဲ့ ။ ခရီးက
ပြန်လာပြီး ကိုကို က ရှိုင်းစေ အပေါ်အေး
စက်သွားလေသလား...။

** ဒေါက်.....ဒေါက်...**

တံခါးခေါက်သံက ခပ်ပြင်းပြင်းဖြစ်နေတာ
ကြောင့် ရှိုင်းစေ တံခါးကိုအပြေးလေးသွား
ဖွင့်လိုက်၏ ။

" အာ.....အမေနှင်း...ဘာဖြစ်လို့လဲဗျ "

" အမေနှင်း ကဘာမှမျဖစ္ဘူး..ငါလာတာ...
ဟီး..ဟီး.."

တံခါးရှေ့မှာရပ်နေတဲ့ အမေနှင်း နောက်က
နေအခန်းထဲအတင်းတိုးဝင်နေတဲ့ ပိုးလေး
ကိုကြည့်ပြီး ရှိုင်းစေ သက်ပြင်းချလိုက်မိ
သည် ။

" ပိုးလေး..."

" ငါကျောင်းသွားဖို့လာခေါ်တာ...ပထမဆုံးနေ့
ကိုကျောင်းပြေးဖို့စဉ်းစားနေတာတော့မဟုတ်
ဘူးမလား..."

အမေနှင်း ကတံခါးပြန်ပိတ်ပြီးသွားခဲ့ပြီမို့
ပိုးလေး ကအခန်းထဲက Sofa မှာဝင်ထိုင်ပြီး
ရှိုင်းစေ ကိုလည်းဘေးနားဆွဲချကာထိုင်ခိုင်း
သည် ။ မသိရင် သူ့အိမ်ကျလို့.....။

" ဟို.....ပိုးလေး ကိုကို ကသူမပါဘဲငါ့ကိုအ
ပြင်ပေးမသွားဘူး "

ရှိုင်းပေါက် ကအပြင်မသွားရဘူးလို့ပြောလာ
တာမို့ ပိုးလေး မျက်နှာကစူပုတ်ပုတ်ဖြစ်သွား
ရသည် ။ သို့ပေမယ့်ဒီလောက်နဲ့လက်လျော့
လိုက်ရင် ပိုးပြည့်စုံ လို့ဘယ်ခေါ်တော့မလဲ ။

" မင်းကလဲနေရာတကာ သူ့ချည်းကြောက်
နေတော့တာဘဲ...ဒီနေ့ကပထမဆုံးကျောင်း
တတ်တဲ့နေ့ကို....မင်း ကျောင်းတတ်ရမှာသိ
သိကြီးနဲ့ မင်းကိုတမင်လိုက်မပို့တာနေမှာ "

ခေါင်းလေးငုံ့ထားတဲ့ ရှိုင်းပေါက် ကလက်နှစ်
ဖက်ကိုတင်းတင်းဆုပ်ကိုင်ထား၏ ။

💞 Eternal Love 💞 { Completed }Where stories live. Discover now