Ep-3

28.4K 2K 38
                                    

Uni......

            မင်းဉာဏ် သူ့ရှေ့မှာ coffee ဖျော်နေတဲ့ကောင်လေးကို ကြည့်ရင်း  လွန်ခဲ့သော 4နှစ်ခန့်ဆီသို့....

            မိုးကောင်းကင်တစ်ခုလုံးမှောင်မိုက်နေပြီ  မိုးတွေကလဲ အဆက်မပြတ်သည်းထန်စွာရွာသွန်းနေတဲ့ညတစ်ညကပေါ့..... လမ်းကလဲ  ကြမ်းတဲ့အပြင်....  မှောင်နေတာကြောင့်  မင်းဉာဏ်  ကားမောင်းရတာ အဆင်မပြေလှပေ.....

        အဝေးပြေးလမ်းမကြီးထက် မင်းဉာဏ် ကားတစ်စီးသာ မိုးရွာတွေကြား မောင်းနှင်နေသည်... မိုးကလဲ ကြမ်းသထက်ကြမ်းလာတာကြောင့်  အရှေ့ကမြင်ကွင်းကို ကောင်းကောင်းမမြင်ရ  မကြာပါ ' ဒုန်းးးး  ' ဆိုတဲ့အသံနဲ့အတူမင်းဉာဏ်လဲ ဘရိတ်အုပ်လိုက်ရသည်။
       

             " ဒုန်း!  " 

မင်းဉာဏ် တစ်ခုခုကို ၀င်တိုက်လိုက်တယ်ဆိုတာကို သိသည်။ ဘရိတ်အုပ်ကာ နောက်ကအရာကို တချက်ကြည့်လိုက်ပေမဲ့ အဆက်မပြတ်ရွာနေတဲ့ မိုးကြောင့် လူလား တောကောင်လားမသဲကွဲ .....  

ဇယားရှုပ်မှာဆိုးတာကြောင့် နောက်လှည့်မကြည့်ဘဲထားခဲ့ပြီး ခရီးဆက်ခဲ့လိုက်သည်...... သို့သော် စိတ်ထဲ  မတင်မကျဖြစ်နေတဲ့ အရာကြောင့် ....  ကား နောက်ပြန်လှည့်ကာ ထိုနေရာသို့...

ကျွန်တော် ဝင်တိုက်လိုက်တာ အမျိုးသားတစ်ယောက်ဘဲ....  ကားတိုက်မှုကြောင့်မဟုတ်ဘဲ  တခြားဒဏ်ရာဒဏ်ချက်တွေနဲ့လူ...ကြည့်ရတာ အိမ်တွင်းအကြမ်းဖတ်ခံထားရပုံရသည်... မျက်နှာလဲ ဖူးယောက် မင်းဉာဏ် တစ်ယောက် ဇယားတွေ မရှုတ်ချင်ပေမဲ့  ထားခဲ့ရင်လဲ မိုးရေထဲ ဒီလူသေသွားလိမ့်မယ်.....

အဲ့လူကတော့  အခုကျွန်တော့်ရှေ့မှာ  coffee ဗန်းလေးကိုင်ပြီး ရပ်နေတဲ့  ရှင်းသန့်နောင် ဆိုတဲ့  ကောင်လေးပါဘဲ..။

          "  မင်းဉာဏ်  မနေ့က  ကိုယ်ဟိုလူနဲ့တွေ့ဖြစ်တယ်  " 

 ရှင်းသန့်နောင်ကြောက်စိတ်နဲ့အတူ ၀မ်းနည်းမှုလေသံတို့ပါကြီးစိုးလာသည်..... သူ့မှာ ရင်ဖွင့်စရာဆိုလို့ ဒီကောင်လေးဘဲရှိတာ.....

     မင်းဉာဏ်ဆို့တဲ့ကောင်လေးက..... ကိုယ့်ဘဝရဲ့ ကံကောင်းခြင်းနတ်ဘုရားအလား.....ကိုယ့်မှာသူပေးတဲ့ အသက်ဘဲရှိတော့တာ...

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now