Happily Ever After-2

3.7K 426 88
                                    

(Unicode)

မှုန်မှိုင်းနေသော ရာသီဥတု...။

မိုးတိမ်သားပြာပြာတို့သည် အပူဒဏ်ရဲ့ ဝါးမြိုခြင်းကိုခံထားရတာကြောင့် အရည်ပျော်လုနီးပါး ဖြစ်နေပြီ။ ကောင်းကင်ကြီးကတော့ ထုံးစံအတိုင်း ငြာသံပေးနေဆဲ..။

အပြင်လောကကို လစ်လျှုရှုထားတဲ့ အပြာနုရောင် အခန်းငယ်လေးထဲမှာတော့ ခေါင်းအုံးကို ကျောခုထိုင်ထားတဲ့ ကောင်းတစ်ယောက်သည် ချစ်ရသူချမ်းကို ရင်ခွင်ထဲထည့်ထားရတဲ့အတွက် သာယာကြည်နူးလျက်ရှိပါသည်။ 

"ကောင်း  တစ်ရွက်လှန်ပေး"

"အင် အင်း.."

ကောင်းရဲ့ ရင်ခွင်ထဲမှာ ခိုဝင်နားနေတဲ့ ချမ်းသည် ဆရာမကြီးခင်ထူးထူးရဲ့ မအိမ်ကံဝတ္ထုကိုပဲ စိတ်ဝင်တစား ဖတ်ရှုလျက်ရှိသည်။ ကောင်းကတော့ စာထဲစိတ်နစ်နေတဲ့ ချမ်းရဲ့ခေါင်းလေးဆီကနေ အကြည့်မလွှဲနိုင်..။ 

မနေ့နေ့လည်ခင်းက အိမ်အတွက် လိုအပ်တာများ ထွက်ဝယ်ရင်း အပြန်လမ်းမှာ မမကြီးတို့ရဲ့ စာအုပ်အရောင်းဆိုင်ကို ဝင်ဖြစ်ကြသည်။ ချမ်းက စာအုပ်တွေကို သေချာလိုက်ကြည့်ရင်း မအိမ်ကံစာအုပ်ကို တွေ့တာနဲ့ ချက်ချင်းကောက်ကိုင်သည်။

"ကောင်း ဒါဝယ်ပေး"

"ချမ်း ပြန်ဖတ်ချင်လို့လား"

"အင်း"

ကောင်း ဝယ်ပေးပြီးလို့ အိမ်ကိုပြန်ရောက်တည်းက ချမ်းက ဘာစကားမှမပြောတော့ဘဲ စာအုပ်ကိုပဲ မဲဖတ်နေတာ။ ဒီနေ့လည်း မနက်စာစားပြီးကတည်းက အခန်းပြန်အောင်းပြီး စာအုပ်ကို လက်ထဲကမချ..။

"ချမ်း..."

"....."

"ချမ်းလို့.."

"အင်"

"ကိုယ် ပျင်းတယ်..."

"အင်"

"ကိုယ် ပျင်းတယ်လို့"

ဒုတိယအကြိမ်ကျမှ ကောင်းပြောတာကို ချမ်းက ကြားသွားပုံရပါသည်။ စာအုပ်ကို လက်နှစ်ဖက်နဲ့ပိတ်ပြီး ခပ်တိုးတိုးလေး ရီသည်။

2.ရိုးမြေကျ / ရိုးမြေကျ True Love S-2 (Completed)Where stories live. Discover now