Part 24

12.8K 368 38
                                    

Unicode

"ငါတို့တွေ့ကြရအောင်"

--

"ရိန်..ရိန်က.ငါ့ကိုမချစ်ဝောာ့ဘူးတဲ့..လင်း.ရိန် ရိန်ကငါ့ကို"

ဒန်နီရယ်သူ၏ရှေ့တွင် မျက်ရည်များဖြင့်လာပြောပြနေသော ရိုစီ ကိုသူစိတ်မရှည်စွာစိတ်ပျက်စွာနဲ့မျက်ခုံးတို့ကို တွန့်ချိုးပြီးတစ်ချက်ကြည့်လိုက်သည်။

"အဲ့တော့တွေ့ချင်ရတဲ့အကြောင်းအရင်းကဘာလဲ?"

"ရိန်..ရိန်.ချစ်တာက..ဟိုကောင်မလေးတဲ့..ဟိုကောင်မလေးတဲ့..ငါ.ငါ ဘယ်လိုလုပ်ရ-"

"အဲ့တော့ တွေ့ချင်ရတဲ့အကြောင်းအရင်းကဘာလဲလို့!"

ဒန်နီရယ်စိတ်မရှည်စွာအော်လိုက်တော့ ရိုစီလန့်သွားပြီး
ကိုယ်လုံးလေးပင်တွန့်သွားသည်။

"ငါ့ကိုကူညီပါ"

ရိုစီဒန်နီရယ်၏မျက်လုံးတို့ကိုစိုက်ကြည့်ပြီးပြောသည်။

"ဟိုကောင်မလေးကို ရိန့်ဘေးနားကနေထွက်သွားအောင်လုပ်ပေးပါ..နင်လည်းအဲ့လိုလုပ်မှာဘဲမလား..ငါနဲ့ပူပေါင်းပေးပါ လင်း"

ဒန်နီရယ်သဘောကျစွာတစ်ချက်ပြုံးလိုက်ပြီး

"ငါပြောတဲ့အတိုင်းလုပ်မယ်ဆိုရင် စဉ်းစားပေးမယ်"

"ရတယ် နင်ပြောတဲ့အတိုင်းငါအကုန်လုပ်မယ်"

--

"နှင်းပန်းပွင့်..နှင်းပန်းပွင့် အဲ့ကောင်မလေးကို ငါသဘောကျတယ် အဲ့ဒါကြောင့်မင်းကိုပြောမလို့ သူ့ကိုသေချာထိန်းသိမ်းထား ငါမင်းဆီကနေသူ့ကိုလုယူမှာမလို့"

"ဘာ! မင်း!"

မင်းမြတ်ရဲ့လက်တို့ဟာဒန်နီရယ်ရဲ့ အင်္ကျီကော်လံစကိုဆွဲထားသည်။

ဒန်နီရယ်မှာမချိုပြုံးတစ်ချက်ပြုံးလိုက်ပြီး

"အဲ့ကောင်မလေးကို..ငါမင်းဆီးကနေလုယူပြမယ်
မင်အရင်ကလုခဲ့သလိုမျိုးပေါ့"

"ခွပ်"

မင်းမြတ်စိတ်မထိန်းနိုင်တော့ဘဲ ဒန်နီရယ်လင်းကိုထိုးချလိုက်သည်။

"အဲ့လိုဖြစ်မယ်လို့ထင်နေတာလား..ငါအစွမ်းကုန်ကာကွယ်မှာ သူ့ကို အ စွမ်း ကုန် ကို ကာ ကွယ် မှာ"

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Where stories live. Discover now