Part-59 (Sob* ကျွန်တော်ကြောက်တယ်ဖက်ထားပေးပါ)

19.8K 2K 194
                                    

(Zawgyi)🍀🍀🍀🍀

Part-59
(ကိုယ်..ချစ်သော clover..!!..)

Q*** Clubရှေ့သို့ရောက်သောအခါ ကားပါကင်
တွင်ကားကိုရပ်လိုက်ပြီး clubအတွင်းသို့ဝင်လာလိုက်
သည်။ အပြင်ဘက်တွင်နေ့အလင်းရောင်ပင်မပျောက်
သေးသော်လည်း Club အတွင်းတွင်တော့မဟူရာ
ညရောင်ကကြီးစိုးနေပြီး မီးရောင်များကတဖြတ်ဖြတ်
ဖြင့်လှပကာအသက်ဝင်နေသည်။

လင်းနေ..ဝမ်ဟိုင်ကိုဖုန်းခေါ်လိုက်သော်လည်း..
စက်ပိတ်ထားပါသည်ဟူသောအသံကိုသာကြားရ
သည်။ များပြားလွန်းသောလူအများကြားတွင်..
လူတစ်ယောက်ကိုရှာတွေ့ရန်မှာ လွယ်ကူသော
အရာတစ်ခုတော့မဟုတ်ပေ..။

လင်းနေ..အရင်ဆုံးစိတ်ကိုအေးအေးထားကာ
တည်ငြိမ်အောင်လုပ်လိုက်သည်။လင်းနေလို..
သူမျိုးကစိတ်တည်ငြိမ်နေပါက ကမ္ဘာပျက်ခေတ်
ကိုပင်ထိန်းချုပ်ကာ သက်တောင့်သက်သာဖြင့်
ဖြတ်သန်းနိုင်စွမ်းသောသူမျိုးဖြစ်သည်။

လင်းနေ..တည်ငြိမ်လာသည်နှင့်မျက်နှာ​ပေါ်က
အပြုံးကပိုကာပြီပြင်လာတော့သည်။ club တစ်ခု
တွင်သတင်းအများဆုံးကိုသိနိုင်သောသူမှာ...
ဘားကောင်တာတွင်အဖျော်ယမကာများကို..
ဖျော်စပ်သောအဖျော်ဆရာနှင့်စားပွဲထိုးများဖြစ်
သည်။

လင်းနေ..ဘားကောင်တာရှိခြေတံရှည်ခုံတွင်ဝင်ထိုင်
လိုက်သည်။ လင်းနေ..ပိုက်ဆံတစ်အုပ်ကိုထုတ်ပြီး
ဘားကောင်တာပေါ်တင်လိုက်တော့ ဖန်ခွက်များကို
အဖြူရောင်အဝတ်စနှင့်သုတ်နေသောအဖျော်ဆရာ
ကောင်လေးက အဝတ်စကိုချကာလင်းနေကိုမေး
လာသည်။

"ဘာသုံးဆောင်ချင်ပါသလဲ ဧည့်သည်"

လင်းနေပုံစံကသက်တောင့်သက်သာရှိပြီး..
နှုတ်ခမ်းတွင်လည်းအပြုံးယေးယေးတစ်ခုက
ရှိနေသည်။ လင်းနေ..သူ့ကိုမေးလာသော..
အဖျော်ဆရာကောင်လေးကိုကြည့်လိုက်ပြီး..
ပိုက်ဆံအုပ်ကို ကောင်လေးဘက်သို့တိုးပေးလိုက်
သည်။ ထို့နောက်ပြောလိုက်သည်။

"အပြင်းတစ်ခွက်ပေး.."

"ဟုတ်ကဲ့ပါ ဧည့်သည်.."

တစ်ခဏအတွင်းပင် လင်းနေရှေ့သို့ရောက်လာသော
ဖန်ခွက်လေး လင်းနေဖန်ခွက်လေးလှမ်းယူလိုက်သည်။
သို့သော်သောက်ခြင်းတော့မရှိဘဲ လက်ချောင်းရှည်ရှည်
များကြားကိုင်ကာ လှုပ်ခတ်ရင်းဖန်ခွက်နှင့်​ရေခဲတုံးလေး
များကိုရိုက်ခတ်စေလိုက်သည်။

Clover your'e my clover[Completed]Where stories live. Discover now