မုဆိုးလား သားကောင်လား(18+)

7.4K 235 27
                                    

#Uni

"အတိတ်ကို ဘာလို့ပြန်သွားချင်နေရတာလဲ အကို..''

"ကိုကိုပါဆို...''

ခုထိ လက်ကိုလဲကိုင်ထားတုန်း...

"အကို အရက်တော်တော်မူးနေတာပဲ လက်ကို လွှတ်...''

"ကိုကိုလို့ခေါ်ရင်လွှတ်မယ်...''

"ဟာ စိတ်တိုလာပြီနော်..''

ဟုတ်တယ်... အကိုမိုးယံက လုံးဝလက်ကိုမလွှတ်... အဲ့တော့လဲ မထူးဘူးဆိုပြီး လက်ကို ကိုက်ပစ်လိုက်တော့မှ

"အား...နာတယ်..''

"နာပါစေ...သွားပြီ..''

အခန်းထဲဝင်ခံနီးတောင် အကိုမိုးယံက လှမ်းပြောလိုက်သေး...

"ညီမလေးကို ကိုကိုချစ်တယ်နော်...အိပ်တော့ သိလား...''

ညီမလေးက ဘာမှပြန်မပြောဘဲ အခန်းထဲသာဝင်သွားတယ်...မေ့နေခဲ့တာ အလုပ်တွေကြိုးစားခဲ့ပြီး ဘာမှကိုတွေးချိန်မရ...ခေါင်းထဲ ငါ အမြင့်ဆုံးရောက်အောင်လုပ်ရမယ်ပဲတွေးနေခဲ့တာ

ဒီနေ့ ခန့်လေးပြောမှ အိမ်မက်တွေကိုတောင် လွမ်းမိတယ်...တောင်းပန်ပါတယ်မေမေ...မေမေကိုတောင်းပန်ဖို့တောင် မေ့နေခဲ့တာမလား...ဒီနှစ်တွေမှာ အလုပ်ပဲလုပ်နေခဲ့ရတာကို အရမ်းအလုပ်ကြိုးစားခဲ့ရပြီး အခုမှ ခန့်လေးတို့ဆီပြန်လာရသလို

၈နှစ်နီးနီး ဘယ်လက်ရုံးဖြစ်ဖို့ မအိပ်ဘဲ ကြိုးစားခဲ့ရတာ​​မျိုးတောင်ရှိခဲ့တယ်လေ...နောက်ဆုံးတော့ ဖြစ်လာခဲ့ရပြီ...အဲ့တော့ ညီမလေးတို့ဆီပြန်လာခဲ့ပေမဲ့ သူတို့လဲပြန်မရောက်သေးဘူးလေ

ရန်ကုန်မှာကျောင်းတက်နေရလို့...သိပ်တော့မကြာလိုက်ပါဘူး...ပြန်လာမယ်ဆိုတာကြားလိုက်ရတော့ ရင်ခုန်ပြီး အဲ့ညကဆိုအိပ်လို့​တောင်မရ...

မနက်အစောကြီးထပြီး လေဆိပ်သွားကြိုဖို့ ပြင်ဆင်နေရင်း အတွေးထဲ ကိုယ့်ကိုမြင်ရင် ဘယ်လိုနေကြမလဲပဲတွေးနေခဲ့တာ ဒါပေမဲ့တကယ်လဲတွေ့ရော...အရင်က ကိုကိုလို့သာခေါ်တတ်တဲ့ကောင်မလေးက ကိုယ့်အနားလာပြီး

"ပြန်လာပြီလား..''

"အင်း...''

"အကို့သတင်းကြားပါတယ်...ခုဆန္ဒ​တွေပြည့်ပြီပေါ့..''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now