Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား

4.1K 909 51
                                    

Unicode

အခန်း(၂၇၃) - ကံကြမ္မာပြောင်းလဲခြင်းကံတရား

ဆုမိုသည်အစီအစဉ်များ တွက်ချက်မှုများနဲ့ ပြည့်ဝနေသော်လည်းအောက်ခြေလိုင်းမရှိတဲ့သူတစ်ယောက်တော့မဟုတ်ပေ။

သူကခြေလှမ်းတိုင်းကို ခိုင်မာအောင်ပြုလုပ်ပြီး ခြေတစ်လှမ်းလှမ်းတိုင်း နောက်လာမယ့်ခြေလှမ်းတစ်ရာကို ကြိုတင်တွက်ဆထားတတ်တဲ့သူဖြစ်၏။သူ့နည်းစနစ်များကထူးခြားပြီး နားလည်ဖို့ခက်ခဲသော်လည်း အဆုံးမှာတော့လင်ရွှမ်းဇီရဲ့ရင်ထဲမှာ စိတ်ဝင်စားဆုံးလူတစ်ယောက်ဖြစ်နေဆဲပင်။

သို့သော်ဆုမိုကအရာရာတိုင်းကိုလိုက်ရှင်းပြနေရသည်အား သဘောမကျတဲ့သူမျိုးဖြစ်သည်။ အကယ်၍သူလုပ်လိုက်တယ်ဆိုရင်လည်း လုပ်လိုက်တယ်ပဲ...အဲ့ဒါကလင်ရွှမ်းဇီသိတယ်ဆိုရင်လည်းအဆင်ပြေတယ် အကယ်၍မသိဘူးဆိုရင်လည်းဘာမှမဖြစ်ဘူး...သူကရလဒ်တစ်ခုတည်းကိုသာလိုချင်သူတစ်ယောက်ဖြစ်ပြီး ကျန်သည့်အရာများကဘာမှကိုမဟုတ်ပေ။

သူ့အတိတ်ဘဝမှာတုန်းက,လင်ရွှမ်းဇီ ထိုပစ္စည်းများကိုလက်မခံခဲ့ဘူးဆိုတာကိုလည်းဆုမိုအစောကတည်းကသိပြီးသားဖြစ်လိမ့်မည်။ထို့ကြောင့်နောက်ပိုင်းမှာသူကယန်ထျန်းဟန်ကိုရှာခဲ့ပြီးလင်ရွှမ်းဇီစွန့်ပစ်ခဲသမျှငွေကြေးများနဲ့မှော်လက်နက်အားလုံးကိုယန်ထျန်းဟန်ဆီကိုပဲထိုးထည့်ပေးခဲ့သည်။

ထိုအချိန်တုန်းက,ယန်ထျန်းဟန်မှာကြိုးရဲ့အစွန်းသို့ရောက်လုနီးပါးဖြစ်နေခဲ့တာပင်။သူ့ရဲ့မာနကလင်ရွှမ်းဇီနဲ့နှိုင်းယှဉ်လို့မရတာကြောင့်,သူကအရမ်းကိုငယ်ရွယ်တာကြောင့်,လင်ရွှမ်းဇီကိုဂရုစိုက်ပေးရမယ့်တာဝန်ကိုသူပုခုံးထမ်းသင့်တယ်လို့တွေးခဲ့သည်။ထို့ကြောင့်လည်းထို'လက်ဆောင်များ'ကိုတိတ်တဆိတ်လက်ခံခဲ့ပြီးဆုမိုအားကျေးဇူးတင်ခဲ့၏။

ယန်ထျန်းဟန်ကထိုမှော်လက်နက်များနဲ့ငွေကြေးများအားယူလိုက်ပြီးလင်ရွှမ်းဇီအားသူ့ဘဝရဲ့အမှောက်မိုက်ဆုံးနဲ့အခက်ခဲဆုံးအချိန်အပိုင်းအခြားကိုဖြတ်သန်းစေခဲ့သည်။နောက်ပိုင်းမှာတော့လင်ရွှမ်းဇီသည်သူနေ့တိုင်းစားနေခဲ့ရတဲ့ခန္တာဖြည့်တင်းဆေးလုံးများကယန်ထျန်းဟန်,ယွမ်ထျန်းဝမ်ဆီကရထားတာတွေမှန်းသိသွားခဲ့သည်။ယန်ထျန်းဟန်ကသူ့ကိုအရှက်ခွဲရန်အပြင်လူနဲ့ပူးပေါင်းကြံစည်တယ်လို့ခံစားခဲ့ရတာကြောင့်ယန်ထျန်းဟန်အပေါ်မကျေနပ်မှုများကပိုပြီးနက်ရှိုင်းသွားတော့သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now