ကလေးရဲ့လူကြီး(Part-13)

503 51 1
                                    

Unicode
________

ဆယ်ဟွန်း.မနက်အိပ်ယာနိုးလာတော့..ထူးထူးဆန်းဆန်း.ဟိုကောင်လေးကိုသတိရမိတယ်

မတွေ့ရတာ..သုံးရက်လောက်ရှိသွားပြီ..အရင်ကဆို.အိမ်ကိုတစ်နေ့မလာရရင်မနေနိုင်..ကျောင်းသွားကျောင်းပြန်လည်းမတွေ့ရတော့..ကားပြန်ရပြီတဲ့..ကြိုပို့ပေးစရာမလိုတော့ဘူးတဲ့..အဲ့ဒီတုန်းက မျက်နှာငယ်လေးနဲ့ပြောနေတာ..ဘယ်လိုလေးမှန်းကိုမသိဘူး..

တွေးရင်းနဲ့အပြုံးပန်းတွေဝေဆာနေတဲ့ အိုဆယ်ဟွန်းကြီးပါလေ။
.
.
.
နေ့လည်ရောက်တော့..ဆယ်ဟွန်းတစ်ယောက်
လုဟန်တို့အိမ်ကို.ရောက်ချလာသည်။

"ဟယ်..မောင်ဆယ်ဟွန်း..ဘာကိစ္စရှိလို့လဲ"

ခြံတံခါးလာဖွင့်ပေးသော Taoကအံ့သြတကြီးမေးလိုက်သည်။အံ့သြဖို့လည်းမကောင်းပေဘူးလား လာလည်ဖို့နေနေသာသာ အလုပ်ကလွဲ အိမ်ပြင်မထွက်တတ်တဲ့သူကြီးကို။

"လက်.လက်ဆောင်လာပေးတာပါ"

"ဟေ..ဘာလက်ဆောင်တွေတုန်း မလိုပါဘူးကွယ်.."

"ဂျင်းဆင်တွေပါ"

"ကျေးဇူးပါပဲကွယ်...အိမ်ထဲကိုဝင်အုံးလေ မောင်ဆယ်ဟွန်းရဲ့"

"ဟုတ်ကဲ့"

သူ့အကြံနဲ့သူဆိုတော့လည်း ဘယ်ငြင်းတော့မလဲ။

"မောင်ဆယ်ဟွန်း..ထိုင်အုံးနော်..အမအအေးသွားဖျော်လိုက်အုံးမယ်"

"ရပါတယ်..ကျွန်တော်မသောက်တော့ပါဘူး...ဒါနဲ့ ဟို..လု..လု"

"အော်..လုလုလေးလား..လုလုလေးကရှိတယ်..အပေါ်မှာ စာလုပ်နေတယ်..စာမေးပွဲနီးနေလို့"

"စာမေးပွဲကနီးနေပြီလား"

"ဟုတ်တယ်ကွဲ့..နောက်သုံးရက်ဆိုဖြေရပြီလေ...
မင်းတူကတော့..စာမေးပွဲနီးမှ ဖင်ကုန်းကျက်နေတယ်လေ..ဒါပေမဲ့ စာပဲကျက်နေတာလား အိပ်နေတာလား မသိပါဘူးကွယ်"

"ဟုတ်..ကျွန်..ကျွန်တော်သွားကြည့်လို့ရလား"

"ရတာပေါ့..သွားလေ...အိပ်ပျော်နေရင် ရိုက်သာရိုက်ခဲ့"

(ရိုက်ပေးလိုက်ပါ နှုတ်ခမ်းနဲ့😄🙈)

Taoဆီမှခွင့်ပြုချက်ရသည်နှင် လုဟန်အခန်းရှိရာသို့ တက်လာခဲ့လိုက်သည်။

ကလေးရဲ့လူကြီး။ (Complete)Where stories live. Discover now