Chapter _ 51

19.7K 1.4K 88
                                    


Unicode
********

အဝတ်ဗီရိုရှေ့အလုပ်ရှုပ်နေသည့် ပိုးပြည့်စုံ
လေးကဘယ်အဝတ်အစားကိုမှ သူ့စိတ်တိုင်း
ကျဖြစ်ဟန်မတူ...။ ဗီရိုတစ်ခုလုံးကိုရှုပ်ပွ
အောင်လုပ်ထားသည်မှာအခန်းထဲမုန်တိုင်းဝင်
မွှေသွားသည့်အလား...။

" ငယ်...."

လာပါပြီ ကျွန်တော့်ရဲ့ဘဲကြီး...ဒီ ၃ လအ
တွင်းဒီဘဲကြီးကို ငယ် လို့ခေါ်ဖို့တော်တော်
ခြိမ်းခြောက်ခဲ့ရတာ ။ ဘဲကြီး Father လာ
တုန်းက ကိုယ့် Crush ကိုမိန်းမပေးစားဖို့လုပ်
နေလို့ ပိုးလေး တို့ထုံးစံအတိုင်းပေါက်ပေါက်
ဖောက်လွတ်လိုက်တာ Father ကြီးကအခုဆို
သူ့သားရဲ့ဘယ်ကိစ္စမဆိုဝင်မပါတော့...။

အမယ့် အဲ့တုန်းကသူသတိလစ်သွားတော့
သူ့ကိုစိုးရိမ်တကြီးနဲ့ တစ် ငယ် ငယ် နဲ့ရူးမ
လိုဖြစ်နေတာတဲ့လေ ။ ကိုယ်လဲသတိရလာ
ရော ပိုးပြည့်စုံ ပြန်ဖြစ်သွားရော ။ လူကိုလ
အ များမှတ်နေလားမသိဘူး ဒေါ်လေးသိန်း
ကအကုန်ပြောပြတယ် ဟွန်း..။

ပိုးပြည့်စုံ ကိုဒီလိုလာလုပ်လို့ရမလားနော်...
ငယ် လို့မခေါ်ရင် ဦး အိပ်တဲ့ချိန်တက် ဘု
ပစ်မယ်လို့ခြိမ်းခြောက်ပစ်ရတာပေါ့...။

အခန်းထဲဝင်လာတဲ့ ဂုဏ့် ကိုပြုံးစိစိနဲ့ကြည့်
နေတဲ့ ကောင်လေးကို မျက်မှောင်ကြုံ့ကာ
ပြန်ကြည့်လိုက်ပြီး လက်ထဲကအိတ်ကိုလှမ်း
ပေးလိုက်သည်။

" ဒါဝတ်သွားလိုက်...သူငယ်ချင်းရဲ့ပွဲတက်
ရမှာကိုတွေ့ကရာအဝတ်နဲ့သွားမလို့လား..."

လက်ထဲရောက်လာတဲ့အိတ်လေးက Gucci
တံဆိပ်နဲ့နောက်တိုင်းဝတ်စုံအပြာနုရောင်
လေး ။ အိမ်နေရင်းပုံမှန်အဝတ်အစားဝတ်ထား
တဲ့ ဦး က ထိုပွဲကိုမတက်ချင်ဘူးထင်ပါရဲ့....။
နည်းနည်းတော့ဝမ်းနည်းရတယ် ။

" ဦး..လိုက်ခဲ့လို့မရဘူးလား..."

" ကိုယ် ဒီနေ့မအားဘူး..."

သူ့အကြည့်တွေကိုရှောင်ပြီးအခန်းပြင်ပြန်
ထွက်သွားတဲ့ ဦး ရဲ့ကျောပြင်ကြီးကိုကြည့်
ပြီး ပိုးလေး ဝမ်းနည်းစွာခေါင်းငုံ့လိုက်မိသည် ။
မအားဘူး ရယ်လို့လိမ်စရာမလိုပါဘူး ရှိုင်း
ပေါက် ရဲ့Wedding ပွဲမလို့မသွားနိုင်တာလို့
ဒဲ့ပြောလဲရပါတယ် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now