Happily Ever After-4

3.2K 405 107
                                    

(Unicode)

ရောင်နီပျှပျှဖြင့် အလင်းဆက်နေသော ညနေခင်းဆည်းဆာသည် ကျေးငှက်ကလေးများအတွက် အမှောင်ထုကို ခေါ်ဆောင်ပေးခြင်းဖြင့် အိပ်တန်းတက်ရန် ဆော်ဩပေးလျက်ရှိပါသည်။ထိုသဘာဝရဲ့ ရင်သွေးငယ်များသည်လည်း မွေးရပ်ဌာနေ အသိုက်မြေချင်း မမှားကြစေရန် အချက်ပေးတွန်မြည်ကာ သတိပေးနေကြသည်။

သဘာဝက ပေးအပ်တဲ့ လုပ်ငန်းဆောင်တာကိုယ်စီကို ပုံမှန်ထမ်းဆောင်နေကြတဲ့ ငှက်ကလေးများလိုပဲ လက်ထက်ခြင်းမှ ဖြစ်တည်လာတဲ့ လင့်ဝတ္တရားကို အချစ်များစွာ ထည့်လောင်းကာ ကျေပွန်စွာထမ်းဆောင်နေသူက ရေခဲမင်းသားလေး ချမ်းမြေ့သော်...။တခြားတော့မဟုတ်..သူ့ရဲ့ ချစ်အမျိုးသား ကောင်းထက်နိုင် ရုံးပြန်လာမယ့်အချိန်ကို ခြံထဲမှာ လမ်းလျှောက်ရင်း စောင့်ကြိုနေခြင်းပင်..။

လမ်းလျှောက်နေရင်းနဲ့ ခြေထောက်က နည်းနည်းညောင်းစပြုလာတာမို့ ဒန်းလေးမှာ ဝင်ထိုင်ရင်း ဖုန်းကနာရီကိုလှမ်းကြည့်မိသည်။ ၆နာရီတောင် ခွဲတော့မည်။ ကောင်းက အခုထိပြန်မလာသေး..။ ပုံမှန်ဆိုရင် ၆နာရီထိုးတာနဲ့ ကွက်တိပြန်ရောက်သူမို့ အခုနောက်ကျနေရခြင်းက ကိစ္စတစ်ခုခုကြောင့်ဖြစ်နေမှာကို စိုးရိမ်မိပါသည်။

"သားချမ်း..ကောင်းထက် မရောက်သေးဘူးလား"

ခြံတံခါးကို ငေးကြည့်နေတဲ့ချမ်းကို အမေက အိမ်တံခါးဝကနေ လှမ်းအော်မေးသည်။

"ရုံးနောက်ကျနေတာထင်တယ် အမေ"

"အဲ့တာဆို မစောင့်နဲ့တော့၊ ခြင်ကိုက်လိမ့်မယ်..၊ ဒီကောင်လေးကလည်း နောက်ကျမယ်ဆို နောက်ကျမယ် မပြောဘူး"

အမေ့စကားကို နားထောင်ရင်း ချမ်း အိမ်ထဲကို ပြန်ဝင်လာခဲ့လိုက်သည်။ ထိုအချိန်မှာပဲ ကောင်းဆီက ဖုန်းဝင်လာပါသည်။

"ချမ်း..ကိုယ်ဒီနေ့ စာချုပ်ချုပ်လိုက်တဲ့ လုပ်ငန်းရှင်တွေနဲ့ ညစာစားဖို့ ပေါ်လာလို့ နည်းနည်း နောက်ကျမယ်၊ ကိုယ့်ကို မစောင့်ဘဲ ထမင်းစားနှင့်လိုက်နော်"

2.ရိုးမြေကျ / ရိုးမြေကျ True Love S-2 (Completed)Where stories live. Discover now