Chapter - 3

12.6K 2K 66
                                    

စာသင်နှစ်သစ်၏ပထမဆုံးနေ့တွင် ရာသီဥတုမှာနေသာ၍ အနေတော်လေးဖြစ်နေသည်။

ကျန့်ယောင်အဆောင်မှထွက်လာတော့ ပညာရေးမှူးနှင့်တည့်တည့်၀င်တိုးမိသည်။

သူ့အတန်းဖော်သစ်မှ ရင်းချယ်၏အကြောင်းများပြောပြတုန်းက ကျောင်းတွင်းမှာသွားမစသင့်သည့်အခြားသောသူများကိုပါတစ်ပါတည်း ပြောပြခဲ့ပြီးဖြစ်သည်။

ထိုထဲမှာ ပညာရေးမှူးကျန်းရင်ဖုန်းသည်လည်း တစ်ဦးအပါအ၀င်ဖြစ်လေသည်။

သူ၏ကျန်း(တင်းကျပ်/သန်မာ)ဆိုသည့်မျိုးရိုးနာမည်နှင့် တင့်စီးလှသောနာမည်(နောင်လာနောက်သားများ၏အထွတ်အထိပ်)ကြောင့် ကျောင်းသားများဟာ သူ့နာမည်မှ characterနှစ်လုံးကိုဖယ်ထုတ်ကာ ကျန်းကျောင့်ကျူးဟုအမည်ပေးထားလေသည်။
(T/n ကျောင့်ကျုးရဲ့အဓိပ္ပါယ်က ရှေးခေတ်ဗားရှင်းလိုဆို လူတွေကိုးကွယ်ကြတဲ့ ဘာသာရေးခေါင်းဆောင်လိုအဓိပ္ပါယ်မျိုး၊ modernဗားရှင်းဆိုရင်တော့ fanတွေကိုးကွယ်တဲ့ film star တို့ pop star\ဘာကိစ္စအဲ့လိုခေါ်လဲမသိ)

သူဟာ ကျောင်၏စာရိတ္တနှင့်ပညာရေးဌာနမှာ တာ၀န်ရှိသူဖြစ်ပြီး သူ့လက်အောက်တွင် သူ့အားချစ်ခင်သစ္စာရှိသည့်ကျောင်းသားခေါင်းဆောင်လေးဦးရှိကာ စုပေါင်း၍ အစောင့်ရှောက်လေးဦးဟုသိကြလေသည်။

ကျန်းကျောင့်ကျူးသည် အတော်လေးတင်းကျပ်သည်ဆိုသော်ငြား - ‌နေ့စဥ် ကျောင်းဂိတ်ပေါက်၀မှာစောင့်၍ ကျောင်းနောက်ကျသည့်ကျောင်းသားများကို ဖမ်းကာ စည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာအပြစ်ပေးလေသည်ဆိုသော်ငြား ကျောင်းသားများကြားတွင်သူ၏ဂုဏ်သတင်းမှာ ထိုမျှမဆိုးရွားပေ ။
အငြင်းအခုန်များဖြစ်ကြသည့်အခါတွင်မူ သေးသည်ဖြစ်စေကြီးသည်ဖြစ်စေ သူ့ဆီသွားအကူညီတောင်း၍ရမည်ဆိုတာ သိကြသည်မလား။

တာ၀န်ကျေပွန်ပြီး စိတ်အားထက်သန်တဲ့ဆရာမျိုးကို ကျောင်းသားအများစုက အမှန်ပင် ရိုသေလေးစားကြသည်။ သူ့လက်အောက်က ထိုအစောင့်ရှောက်လေးဦးဆိုတာသူတွေကသာ ကျန်းခဲ့အရင်ကပြောသလို "သခင်အားကိုးနဲ့မာန်တက်နေသည့်ခွေးတွေ"ဆိုသလိုပင်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now