အခန်း ၁၀၈ + ၁၀၉

2.8K 277 14
                                    

လုရဲ့လှုပ်ရှားမှုတွေက လျှင်မြန်ပြီးတော့ ပြတ်သားခဲ့​၏ ။

ချောင့်ကို ငြင်းဆန်ခွင့်တောင်မပေးခဲ့ပဲ သူဟာ သူမကို အရှေ့ခရီးသည်ထိုင်ခုံဆီ ဆွဲထိုင်စေခဲ့ပြီးတော့ သူယာဥ်မောင်းခုံကို ပြန်ထိုင်ခဲ့သည်။

သူ့ရဲ့ထိုင်ခုံခါးပတ်ကို ချည်ပြီးတော့ လီဗာ ကိုနင်းသည်။

သူ့ရဲ့မျက်လုံးထောင့်ကနေ ချောင့်ကို မြင်နိုင်ခဲ့လိမ့်မည်။

သူမရဲ့ထိုင်ခုံ ခါးပတ်ကို မချည်ရသေးတာကို။

သူ့ရဲ့လက်ချောင်းတွေက သူမကိုယ် မစောင်းခင်မှာ သူရဲ့လက်ချောင်းတွေက စီတီယာတိုင်ကို ကစားနေခဲ့သည်။

ချောင်က သူရဲ့ရုတ်တရက်နီးကပ်လာမှု့ကြောင့် တုန်လှုပ်သွားခဲ့ပြီးတော့ သူမက သူ့ရဲ့အကြံအစည်ကို မသိနိုင်ကတည်းက ပင်ကိုယ်အသိစိတ်အရ သူမ နောက်ဆုတ်နေခဲ့​၏ ။

သူမရဲ့ပုံစံကိုမြင်နေရတဲ့ လု က လှောင်ရီချင်တာကို မထိန်းနိုင်ခဲ့ဘူး။

သူမက သူနဲ့ နီးနေတာကို အဲ့လောက်ထိမုန်းနေလား။

သူ့ရဲ့မျက်လုံးတွေက ချက်ချင်း မှေးစဥ်းသွား ခဲ့သည်။

သူရဲ့နှုတ်ခမ်းတွေက တင်းတင်းကြပ်ကြပ် အံကြိတ်ခဲ့သည်။

သူက သူမရဲ့ နောက်က ထိုင်ခုံခါးပတ်ကို ကြမ်းကြမ်းတမ်းတမ်းဆွဲယူခဲ့ပြီးတော့ ကားနောက်ကိုပြန်မဆုတ်ခင် သူမကို ထိုင်ခုံ ခါးပတ်ပတ်ပေးခဲ့​၏ ။

သူ့ရဲ့ထိုင်ခုံမှာပြန်ထိုင်ကာ လီဗာ ကို နင်းလိုက်ရင်း။

ကားဟာ ရှေ့ကိုထိုးမောင်းသွားခဲ့သည်။

တကယ်လို့ ချောင် သာ ခါးပတ်မပတ်ထားခဲ့ဘူးဆိုရင်တော့ သူမဟာ လုံးဝ ပြုတ်ကျသွားမှာ အသေအချာ။

သူမက လုနဲ့တွေ့ဖို့ရပ်တန့်ခဲ့တဲ့ည ပြီးတဲ့အချိန်မှာ သူတို့အထီးကျန်နေခဲ့ကြတဲ့ ပထမအချိန်ဖြစ်ခဲ့သည်။

ချောင်က ငြိမ်ငြိမ်လေးနေခဲ့ပြီးတော့ ကားကအကြာကြီးမောင်းနေခဲ့တာတောင်မှ ဒီတစ်နေရာထဲမှာပဲ မလှုပ်မယှက် ထိုင်နေခဲ့သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now