အခန်း ၁၁၅ + ၁၁၆ + ၁၁၇+၁၁၈

2.6K 244 21
                                    


(အားတဲ့သူငယ်ချင်းတွေကိုနားပူအောင် အကူအညီတောင်းပြီး သူတို့ဘာသာပြန်တတ်သလို ပေးပို့လာတာကိုမှ ပြန်editနေတာပါ။ စာလုံးပေါင်းဘာညာမှားခဲ့တာ အစဉ်မချောတာတွေရှိခဲ့ရင် ခွင့်လွှတ်ပေးပါလို့။ copy paste အချလွန်တာကတော့ ကျွန်မအကျင့်ပဲ။ သူတို့ကိုယုံပြီးတော့ XD )

-----

ရုတ်တရက် သည်းထန်စွာရွာနေတဲ့ မိုးရေချိုင့် ထဲမှာရှိတဲ့ မှာ မိုးတွေပြီးနောက် လမ်းတွေမှာ ရေလွှမ်းနေခဲ့သည်။

လုက သူ့ကားကို အချိန်တိုင်း တဖြောက်ဖြောက် လာထိနေတဲ့ ရေစက်တွေကိုဖြတ်ပြီး အရှိန်တင်ခဲ့သည်။

များစွာသောမိုးရေစက်တွေဟာ သူမောင်းနှင်ပြီးတဲ့အချိန်မှာ ချောင့်ရဲ့ လက်မောင်းတွေပေါ်ကို ကျလာခဲ့သည်။

လု ထွက်သွားခဲ့ပြီးနောက်မှာ မင်အန်ရှူး ဥယျာဉ်မှာလဲ ဗလာနတ္ထိနဲ့ ချောင်အန်းဟောင် တစ်ယောက်ထဲသာ ကျန်နေခဲ့သည်။

လမ်းတစ်ဖက်က လမ်းမီးတိုင်တွေက အထီးကျန်နေတဲ့ သူမရဲ ပုံသဏ္ဋ္ဌန် ကို ပိုပြီးတော့ ပေါ်လွင်အောင် တောင်မှ

စလိုက်မီး ထိုးထားကဲ့သို့ ဖြစ်နေသည်။

သူမ အငိုရပ်ခဲ့တဲ့ မတိုင်မချင်း သူမ အဲ့နေရာမှာပဲ ရပ်နေခဲ့သည်။

သူမရဲ့ အိတ်လေးကို ဖွင့်ပြီးတော့ သူမမျက်နှာကိုသုတ်ဖို့ တစ်ရှူးထုပ်ကို ထုတ်ခဲ့သည်။

သူမ နောက်ပြန်လှည့်ပြီးတော့ သူမရဲ့ အိမ်တော်ကြီးထဲကို လမ်းလျှောက်ခဲ့သည်။

သူမရဲ့ သော့နဲ့ တံခါး ဖွင့်လိုက်တဲ့အခါမှာ အမျိုးသမီးချန် က သူမ အခန်းထဲကနေ ထွက်လာခဲ့သည်။

သူမ ရောက်လို့ရောက်မှန်းတောင်မသိခဲ့တဲ့ ချောင့်ကို မြင်ရတာ အထူးအဆန်းမဟုတ်ခဲ့ပေ။

"သခင်မလေးလု ကျွန်မ ညစာ ပြင်ပြီးသွားပြီ။

စားချင်လားဟင်။"

ငိုပြီးတဲ့နောက်မှာ ချောင်က စိတ်ခံစားချက်တွေ ပြည့်နေတုန်း။.

ဒါကြောင့်မလို့ အဒေါ်ချန်က သူမကို မျှော်နေခဲ့တာကို မသိခဲ့ဘူး။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now