အခန်း ၁၂၁ + ၁၂၂ + ၁၂၃

2.5K 238 15
                                    

လု ရဲ့ အေးစက်စက်အသံဟာ မကျယ်ပေမယ့် အနီးနားက ဝန်ထမ်းတွေရဲ့ နားထဲကို ရောက်သွားသည်။

လု ရဲ့ သရုပ်ဆောင်ချက်ကြောင့် အားလုံးက စိတ်အနှောင့်အယှက်ဖြစ်နေကြသော်လည်း ယခုအခါတော့ အံ့သြသွားကုန်ကြလျက်။

ဒီနမ်းမယ့် အခန်းအတွက် သူတကယ်နမ်းမယ်....အဲဒါ ဘာကိုဆိုလိုတာလဲ?

ဆိုလိုတာက....

လုကျင်းညန် ဘာကိုပြောတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိပေမယ့် ဘယ်သူမှ သူတို့ နား ကို မယုံရဲကြပါ။

သူတို့ အကြည့်များက လုနဲ့ ဒါရိုက်တာတို့ဆီ မကျရောက်မှီ တစ်ယောက်နှင့် တစ်ယောက် တစ်ပြိုင်တည်း ကြည့်ခဲ့ကြ​၏ ။

ဒါရိုက်တာက လုရဲ့ စကားလုံးတွေကိုသေချာကြားခဲ့ရပေမယ့် သူကြားခဲ့ရတာကို မယုံနိုင်ခဲ့ပြန်ပေ။

အနမ်းသည် လု အတွက်တော့ မရိုးရှင်းခဲ့။

အရင်က ထုတ်လုပ်သူဟာ လုကို အနမ်းခန်းကို တကယ်လုပ်စေချင်တယ်လို့ပြောခဲ့ပေမယ့်လည်း နောက်ဆုံးမှာ လုက ဇာတ်လမ်းတွဲအတွက် စာချုပ်ကိုချိုးဖောက်ခဲ့သည်။

တရားစွဲ ခံခဲ့ရပြီးတော့ စာချုပ်ချိုးဖောက်မှု့အတွက် ငွေအများကြီးရှင်းခဲ့ရ​၏ ။

ဒါရိုက်တာက လုကို မမေးခင် အချိန်အတော်ကြာစဥ်းစားပြီး

"ဆရာလု ဆရာ ဘာကိုဆိုလိုတာလဲ"

လုကျင်ညန် သည် ခဏငြိမ်သက်နေပြီး မတည်မငြိမ်နဲ့ ရှေ့သို့ စိုက်ကြည့်လိုက်သည်။

မိတ်ကပ်ဆရာ သည် ဆံပင်ပြင်ပြီးတဲ့နောက်မှာ လု ဒါရိုက်တာကို ကြည့်ဖို့ မတ်တပ်ရပ်လိုက်ရင်း

ေအးစိမ့်သောအသံဖြင့် လုပြောလိုက်သည်က

"နောက်တစ်ခန်းအတွက် အနမ်းက အစစ်အမှန်ပဲ"

ပြီးတော့ သူ့ခေါင်းကိုပြန်လှည့်ကာ သူ့၏ လက်ထောက်ကိုမကြည့်ဘဲ

"ကျွန်တော် သန့်စင်ခန်းသွားလိုက်ဦးမယ်"

လို့ပြောပြီး ခြေလှမ်းကြဲကြဲဖြင့် ထွက်ခွာသွားသည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now