Chapter _ 52 [ Final ]

31.4K 1.4K 112
                                    


Unicode
*******

ချမ်းစိမ့်စိမ့် လေနုအေးလေးကဖြည်းညင်းစွာ
တိုက်ခတ်လျှက် ။ တလတ်လတ်တောက်ပနေ
သည့်ရောင်စုံကြယ်လေးတွေဝန်းရံနေတဲ့ လ
မင်းကြီးကဒီနေ့မှပိုပြီးအေးမြနေသယောင် ။
ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တွေ ၊ နိုင်ငံရေး
ခေါင်းဆောင်တွေတက်ရောက်သည့် မင်္ဂလာ
ပွဲမို့ Dinner Party ကိုအချိန်အကန့်အသတ်
ဖြင့်စီစဥ်ထားခဲ့သည် ။

နိုင်ငံအသီးသီးကလုပ်ငန်းရှင်တွေက မာန် တို့
ပွဲကိုတက်ရောက်ချီးမြင့်ဖို့အတွက်အပြင် အ
ပန်းဖြေဖို့အတွက်ပါရောက်လာခဲ့ကြတာမို့
Dinner Party ပြီးတာနဲ့ Hotel အခန်းတွေ
မှာအနားယူဖို့အတွက် ဘုန်းမင်း ကိုစီစဥ်ခိုင်း
ထားသည် ။ မြတ်သူ ကတော့လောလောဆယ်
အားကိုးလို့မရတော့...။ လီယန် ရောက်လာတဲ့
အချိန်ကတည်းက ' မ ' သွားချေပြီ ။

Dinner Party မှာအချိန်ခဏဖြုန်းပေးပြီး
တာနဲ့ မာန် နဲ့ Baby ကအပန်းဖြေခရီးအတွက်
ကိုယ်ပိုင်ကျွန်းကိုရွက်လွင့်ခဲ့ကြသည် ။ ကျွန်း
တစ်ခုလုံးလင်းထိန်နေသည်မှာ မြို့ငယ်လေး
အလား ။ Baby ကိုတခြားနာမည်ကြီးနိုင်ငံတွေ
ခေါ်သွားချင်ပေမယ့် အရင်တစ်ခါအန္တာရယ်
ဖြစ်ပြီးကတည်းကလူရှုပ်တဲ့နေရာတွေဆို မာန်
စိတ်မချတော့...။

အပျော်စီးသင်္ဘောပေါ်မှာကတည်းကမျက်လုံး
ဝိုင်းကြီးတွေနဲ့လိုက်စပ်စုနေတဲ့ Baby ကိုကျွန်း
ပေါ်ခြေချလိုက်သည်နှင့်ပွေ့ချီပစ်လိုက်တော့
မာန့် ကိုအူကြောင်ကြောင်လေးမော့ကြည့်လာ
သည် ။ ကျွန်းပေါ်ကအဓိကအပန်းဖြေအိမ်က
အဖြူရောင်တိုက်ဖြစ်ပြီး ထူထဲခိုင်ခံ့သည့်မှန်
နံရံတွေဖြင့်အဓိကဆောက်လုပ်ထားသည် ။

Baby ကိုယ်လုံးလေးကိုပွေ့ထားရင်းနဲ့မီးတွေ
လင်းထိန်နေသည့် အပန်းဖြေအိမ်ကြီးထဲခေါ်
သွားတော့ အရာရာအသစ်အဆန်းတွေဖြစ်နေ
သည်မို့ထင် မာန့် Baby ကငေးလို့မဝသေး...။
ကြောင်လိမ်လှေကားကတစ်ဆင့် ဒုတိယထပ်
ကိုပွေ့လာသည်ထိ Baby မျက်လုံးတွေက
မာန့် ဆီရောက်မလာတာမို့ ပါးဖောင်းဖောင်း
လေးကိုခွက်ဝင်သွားသည်ထိ ဖိနမ်းပစ်လိုက်
သည် ။

" Baby..... ကိုယ့်ကိုကြည့်ပါဦးကွာ..."

" ဟီး...ဟီး...ဒီနေရာကအရမ်းလှလို့.. "

💞 Eternal Love 💞 { Completed }Where stories live. Discover now