ကလေးရဲ့လူကြီး(Part-15)

529 48 2
                                    

Unicode
_______

လုဟန်ရဲ့ကျောင်းနောက်ဆုံးနေ့လေးကိုရောက်ရှိလို့လာပါပြီ..ဆယ်ဟွန်းကတော့..သူရဲ့ကတိအတိုင်း
လုဟန်ကိုကြိုဖို့ကျောင်းသို့ထွက်လာခဲ့သည်။

ကတိကြောင့်လို့သာ.ပြောပါတယ်..ဟိုကကျောင်းဆင်းဖို့အဝေးကြီးလိုသေးတယ်..သူမှာထိုင်မရထမရ..။အလုပ်တွေလည်း.အစောကြီးလက်စဖြတ်..နောက်ဆုံး.ကျောင်းလွှတ်ချိန်ထက်တစ်နာရီစောပြီး.ကျောင်းသို့.ရောက်နေခဲ့သည်။

အချက်ပေးခေါင်းလောင်းမြည်သံနှင့်အတူ..ကျောင်းသားများအလျှိုလျှိုထွက်လာကြသည်။

"နောက်ဆုံးဘိတ်အိပ်နဲ့လွယ်မလားမှတ်ရတယ်..ဟူး..ဘာတွေမေးလို့မေးမှန်းကိုမသိဘူး"

"ဟုတ်ပါ့ဟယ်..ဆရာဆရာမတွေကလည်း..သူတို့
တပည့်တွေအကြောင်းမသိတာလည်းမဟုတ်ပဲနဲ့.."

"ငါသာကျောင်းအုပ်ကြီးဖြစ်ရင်..ကလေးတွေကိုABCD တွေပဲဖြေခိုင်းမှာ"

လုဟန်ထွက်အလာကိုရပ်စောင့်နေရင်း..သူ့ဘေးမှကျောင်းသားတစ်စု၏စကားများကြောင့်..လုဟန်ကိုစိတ်ပူလာရသည်။ဖြေမှဖြေနိုင်ပါ့မလားပေါ့။

ကျောင်းသားများ..တဖြေးဖြေးနဲ့ကျဲလာသော်လည်းလုဟန်ကို..မြင်ရသေး..တစ်ခုခုများဖြစ်လို့လားဆိုပြီး..လိုက်သွားဖို့အလုပ်..သမင်လေးကတော့ သူငယ်ချင်းမျနှင့်ရယ်မောပြီး.ထွက်လာသည်။

သူ့ကိုတောင်ဂရုမစိုက်..နောက်မှစကားပြောရင်လှည့်ကြည့်လာတော့မှ သူ့ကိုမြင်သွားဟန်တူသည်။ကျောပိုးအိတ်ကလေးလွယ်ကာ..လက်ရမ်းပြသည်မှာ..သားကအဖေကိုတွေ့လို့.ဝမ်းသာအားရနှင့်
တာ့တာလှမ်းပြနေသည့်အလား။

"လူကြီး..ရောက်နေတာကြာပြီလား"

"အခုမှရောက်တာ."

မုသားမပါလင်္ကာမချောတဲ့..ချောလဲချောစရာလား..မနိုင်တော့လို့..တစ်နာရီစောရောက်နေတာလို့.ပြောရမှာလာ.ဂွန်း..ဟုတ်တယ်.။

"အမယ်.ငါ့ဦးလေးကတော့..ကိုယ့်တူကိုကျတော့လာမကြိုဘူး...ကောင်းတယ်နော်..ommaနဲ့တိုင်မယ်"

"မင်းကမင်းကားနဲ့မင်းလေ..ကိုယ့်ဘာသာကိုယ်ပြန်ပေါ့"

"လုဟန်လည်း.ကားပါတာပဲဟာကို"

ကလေးရဲ့လူကြီး။ (Complete)Where stories live. Discover now