29 - DON'T BE TOO FULL OF YOURSELF

4.6K 843 92
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH29 - DON'T BE TOO FULL OF YOURSELF

ရှန်းရှောင်ရှဲမှာ ရဲစခန်းအပြင်ဘက်တစ်နေရာတွင် လုဖုန်းနံဘေး၌ စိုးရိမ်တကြီးရပ်နေခဲ့ရင်း အကွာအဝေးတစ်ခုရှိ လမ်းမဘက်ခြမ်းမှလာသော ကားတို့ကို စောင့်ကြည့်နေခဲ့၏ ။ ရှန့်မင်အော်၏ ထင်ပေါ်လှသော ငွေဖြူရောင်ကားကို မြင်တွေ့လိုက်ရသည့်အခိုက် ရှန်းရှောင်ရှဲနှင့် လုဖုန်းနှစ်ဦးစလုံး အံ့သြခြင်းကြောင့် တစ်ပြိုင်နက်တည်း ထအော်မိကြတော့သည် ။ ကမ္ဘာပျက်ကိန်းကြုံနေရချိန်ဝယ် မျှော်လင့်ချက်အလင်းရောင်ကို တွေ့လိုက်ရသည့်နှယ် ။

"သူရောက်လာပြီ ! သူရောက်လာပြီ "

ရှန်းရှောင်ရှဲကား တက်တက်ကြွကြွနှင့်ပင် လက်တို့ကိုပါ ဝှေ့ယမ်းနေတော့၏ ။ ထိုနေရာတွင်ပင် ခဏချက်ချင်း ထ၍ခုန်ပေါက်တော့မည့်အတိုင်း ။

ငွေဖြူရောင်ကားက စခန်းရှိရာဘက်သို့ ချိုးကွေ့လာသည် ။ ရှန့်မင်အော်ကား ထိုကားထဲမှ ထွက်ထွက်ချင်းပင် စခန်းထဲသို့သွား၍ပြဿနာကိုမဖြေရှင်းမီ အဝေးမှနေ၍ လုဖုန်းအားတစ်ချက်ကြည့်လာခဲ့၏ ။ ဤသည်ကား ရှန့်မင်အော် ကြိမ်ဖန်များစွာလုပ်ခဲ့ဖူးသော လုပ်ရိုးလုပ်စဥ်ပင်။

ရှန်းရှောင်ရှဲနှင့် လုဖုန်းတို့မှာ ကိုယ်စီ ခပ်သွက်သွက်လျှောက်ကာ နောက်မှလိုက်သွားကြ၏ ။ ထိူ့နောက် ရဲစခန်း၏ဝင်ပေါက်၌ ရှန့်မင်အော်နှင့်ဆုံသည် ။

အိမ်မှထွက်မလာခင် ရှန့်မင်အော်ကား ရေချိုးခဲ့ပုံရသည် ။ ဇက်ပိုးထက်ရှိ ရေစိုနေသောဆံပင်အချို့ကို လုဖုန်းမြင်နေရ၏ ။ နှစ်ယောက်ကြားနီးကပ်သောအကွာအဝေးတစ်ခု၌ ရှန့်မင်အော်ကိုယ်ထံမှ ရေချိုးဆပ်ပြာနံ့ခပ်သင်းသင်းကိုပင် လုဖုန်းခံစားမိနေသေး၏ ။

လုဖုန်း ရဲစခန်းဝင်ပေါက်ရှိတံခါးလက်ကိုင်ကို ဆုပ်ကိုင်ကာဖွင့်ဖို့ပြင်ရန် လက်လှမ်းရုံရှိသေးသည် ။ ခပ်ကြီးကြီးလက်တစ်ဖက်က လုဖုန်းထက်အရင် တံခါးကိုတွန်းဖွင့်လိုက်လေတော့သည် ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now