အခန်း ( ၂၆)

1.4K 123 22
                                    

{ Unicode }

မနက်အာရုဏ်ဦး၏ အလင်းရောင်နှင့်အတူ ကျေးငှက်ကလေးများ၏ အသံစာစာတို့ကြောင့် မင်းသန့်ကိုကို အိပ်ရာမှနိုးလာ၏။

ကုတင်ဘေးမှစားပွဲပေါ်တွင် နေရာတကျထားထားသည့် နာရီပေါ် အကြည့်ရောက်သွားတော့ အချိန်က မနက် ၇ နာရီ။

မနေ့ညက အကြောင်းပြန်တွေးမိပြီး နေ့သစ်ကို သတိရသွားတော့ နေ့သစ်လေးဟာ စောင့်က်ို ရင်ဘက်ထိလွှမ်းခြုံထားကာ ကျောပေးအိပ်နေလေရဲ့...။

မင်းသန့်ကိုကိုသည် နေသစ်၏လည်ပင်းအထိရောက်အောင် စောင်ကိုဆွဲကာခြုံပေးလိုက်၏။

မျက်နှာသစ်ရန်အတွက် တဘက်ကို ပခုံးပေါ်တင်ကာ အခန်းအတွင်းမှ ထွက်လာတော့ ဝတ်ကောင်းစားလှနှင့်အတူ ပန်းပန်ထားကာ လှပကျော့မော့နေသည့် ဒေါ်ကေသီနှင့်တွေ့လေသည်။

'' သြော် သားနိုးလာပြီလား ''

'' ဟုတ် မေမေ ''

'' နေ့သစ်က မနိုးသေးဘူးလား ''

'' ဟုတ် သူညောင်းကိုက်နေလို့ မလှုပ်နိင်လို့ အိပ်ဦးမယ်တဲ့ ''

'' အေးပါကွယ်၊ ဒါဆိုလည်း နားပါစေ၊ တနင်္ဂနွေနေ့ဆိုတော့ ရုံးလည်းပိတ်တာပဲ ''

'' ဒါနဲ့ မေမေ က ဘယ်သွားမလို့လဲ ''

'' ဒေါ်လုံးနဲ့ ဘုရားသွားမလို့...၊ သူ ယတြာချေချင်လို့တဲ့လေ၊ သမီးလေးကတော့ ကျူရှင်သွားပြီ၊ နေ့သစ် နိုးလာရင် ထမင်းကြော်စားလိုက်ကြနော်...မေမေသွားတော့မယ် ''

'' ဟုတ်ကဲ့...ဖြည်းဖြည်းနော် ''

ဒေါ်ကေသီထွက်သွားတော့ မင်းသန့်ကိုကို၏ မျက်နှာသစ်မည့်အစီအစဥ်ကလည်း ပျက်သွားတော့သည်။

အိမ်ရှေ့တံခါးကိုလိုက်ပိတ်လိုက်ပြီး အခန်းထဲပြန်ဝင်လာကာ နေ့သစ်ခြုံထားသော စောင်အောက်ဝင်ကာ နေ့သစ်ကို ကျောဘက်ကနေသိုင်းဖက်လိုက်၏။

အမြဲတမ်းလိုလို ခေါင်းလိမ်းဆီ လိမ်းနေကျဖြစ်သည့် နေ့သစ်ရဲ့ ဆံသားလေးတွေကို နမ်းရှိုက်လိုက်သည်။

ထိုမှတစ်ဆင့် အနည်းငယ်ပေါ်နေသည့် ဂုတ်သားဖွေးဖွေးလေးကို အသာအယာဖိကိုက်လိုက်၏။

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now