မိုးရွာတဲ့နေ့

6.7K 263 29
                                    

#Uni

"မကြီး...မ ပြန်မလာသေးဘူးလား...''

"အေး... ငါလဲတွေးနေတာ သူကညစာစားချိန်ထိဘာလို့ပြန်မလာသေးတာလဲလို့...''

"မမလေးချီက ပြန်လာတာကြာပြီ...ဒါပေမဲ့ ပြန်လာတုန်းက မျက်နှာမကောင်းဘူးကွယ်..''

ညစာစားနေတုန်း ခုထိမိချီပြန်မလာသေး​​ကြောင်း ခန့်နဲ့ပြောနေရင်း တစ်ခုခုလိုရင်လုပ်ပေးမလို့ စောင့်နေတဲ့ အန်တီနွဲ့ကဝင်ပြောလာတယ်

ပြောရရင် အန်တီနွဲ့က အသက်အကြီးဆုံးဖြစ်သလို အိမ်ဖော်တွေကိုကြပ်မတ်ရတဲ့သူ...အားကိုးရသလို သစ္စာလဲရှိတယ် တော်ရုံဝင်မပြောတတ်ပေမဲ့

"ဟို မမလေးချီကလေ အရင်ကပြန်လာလို့ရှိရင် မုန့်လေးတွေကျွေးရင်ကျွေးမဟုတ်ရင် စတတ်တယ်လေ...အနည်းဆုံးပြုံးပြတတ်ပေမဲ့ ဒီနေ့ သိသိသာသာ မျက်နှာမကောင်းလို့..''

"အဲ့လောက်တောင်လား အန်တီနွဲ့ ''

"ဟုတ်တယ်ကွယ်...နေ့လည်လောက်ကတည်းက ပြန်ရောက်လာပေမဲ့ အောက်ကို တချက်တောင်မဆင်းဘူး..''

"အဲ့တာ ကျွန်တော်ကိုလာပြောပါတော့လား...ခုတော့..''

"ဟို သခင်လေးက အိပ်နေတာမို့ လာမနှိုးရဘူး မှာထားတယ်လေ...အဲ့တာကြောင့်မလို့ပါကွယ်...''

မ​ကြီးက စားလက်စကိုရပ်လိုက်ပြီး လက်သုတ်ဝတ်နဲ့ပါးစပ်ကိုသုတ်လိုက်ရင်း

"ထားလိုက်တော့ အန်တီနွဲ့လဲ တနေကုန်လုပ်စရာတွေများတော့ သူ့အပြစ်မဟုတ်ပါဘူး..''

ပြောလိုက်တော့ အန်တီနွဲ့က အလိုက်တသိ..အနောက်လေးဆုတ် ခေါင်းငုံ့နေတာကြောင့်

"နင်ဆက်စား... ငါမိချီဆီခနသွားအုံးမယ်..''

ထရပ်လိုက်ပြီး အန်တီနွဲ့ကိုကြည့်လိုက်ရင်း

"ခန့် ထမင်းစားပြီးရင်တော့ လုပ်စရာရှိတာလုပ်ပြီး သွားနားလို့ရပြီ...သမီးတို့လဲစောစောအိပ်မှာမို့...''

"ဟုတ်ကဲ့ သခင်မလေး...''

အပေါ်ထပ်တက်ရင်း မိချီရဲ့အခန်းရှေ့တောင်ရောက်လာပြီ...အသံတိတ်လေး အခန်းတံခါးနား အသံတစ်ခုခုများကြားမလားဆိုပြီး မသိမသာခိုးနားထောင်ကြည့်ပေမဲ့ ဘာသံမှမကြားရ

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now