Chapter 121

4.1K 742 32
                                    

Zawgyi
{ လုံခြုံမှု - ၁ }

အချိန်တွေ တဖြည်းဖြည်းကုန်ဆုံးခဲ့လေပြီ။

ရီကျန်းတစ်ယောက် မွေးခန်းထဲရောက်နေခဲ့တာ ၃နာရီလောက်ကြာနေခဲ့ပြီဖြစ်သည်။ ထို၃နာရီအတွင်း၌ ဆရာဝန်နှင့် သူနာပြုများဟာ မွေးခန်းထဲသို့ ဝင်လိုက်ထွက်လိုက်လုပ်နေခဲ့ကြပေတယ်။ လုပေရွှမ်းအပြင် ကျန်၃ယောက်သည် ထိုသူတို့ကို ခဏတား၍မေးမြန်းခြင်း မပြုခဲ့ကြပေ။ တစ်ခုခုနှောင့်နှေးသွားမည်ကို စိုးရိမ်ကြသောကြောင့်ဖြစ်၏။

" ၃နာရီတောင် ကြာနေပြီ ရီကျန်းက ထွက်မလာသေးဘူး " ထူးဆန်းစွာနဲ့ အဖိုးလုက စကားစလာခဲ့လေတယ်။ သူ့လက်နှစ်ဖက်လုံက တုတ်ကောက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားခဲ့ပြီး သူ့နာရီကို မကြာခဏ ကြည့်နေခဲ့ပေ၏။

အမေလုဟာ ကလေးမွေးဖူးတဲ့အတွေ့အကြုံရှိသောသူတောင် စိတ်ပူနေလေ၏။ သူမသည် အဖိုးလုအား  " အဖေ စိတ်မပူပါနဲ့။ သမီး ပေရွှမ်းကို မွေးတုန်းက ၅နာရီတောင် ကြာခဲ့တာ။ ကျန်းကျန်းက အခုမှ၃နာရီပဲရှိပါသေးတယ်။ သမီးတို့ စောင့်ဖို့အချိန်ရှိပါတယ်။ အဖေ ခဏသွားနားလိုက်ပါလား။ ကျန်းကျန်း ထွက်လာတဲ့အခါ အဖေ့ကို လာခေါ်ပါ့မယ် "

အဖိုးလုဟာ တစ်ညလုံးမအိပ်ရသေးချေ။ ထိုကဲ့သို့ ဆက်နေနေပါက သူ့ခန္ဓာကိုယ်က ခံနိုင်ရည်ရှိတော့မည် မဟုတ်။

အဖိုးလုရဲ့ကျန်းမာရေးကို စိုးရိမ်တဲ့အိမ်တော်ထိန်းအိုကြီးဟာ အဖိုးလုကို ဖျောင်းဖျဖို့ ကြိုးစားလေတယ်။
" သခင်ကြီး ဒီမှာထိုင်စောင့်နေလည်း ဘာမှလုပ်ပေးနိုင်တာ ရှိမှာမဟုတ်ဘူးလေ။ မနေ့ညကလည်း ကောင်းကောင်း မအိပ်ရသေးဘူးမလား။ ခဏလောက်အိပ်လိုက်ပါ။ မမလေး မွေးခန်းထဲက ထွက်လာရင် ကျွန်တော်လာခေါ်ပါ့မယ်။ ပြီးတော့ သခင်ကြီးရဲ့မြစ်လေးနဲ့ တူတူဆော့နိုင်ဖို့ အားမွေးရမယ်လေ "

သို့သော်ငြား ခေါင်းမာလွန်းလှတဲ့အဖိုလုဟာ လက်ခါပြလိုက်ရင်း " ငါ့စိတ် မပြောင်းဘူး။ ငါ့ခန္ဓာကိုယ်အကြောင်း ငါသိတယ်။ စိတ်မပူနဲ့ ငါအဆင်ပြေတယ် "

အသက်ကြီးတဲ့သူကို ဖျောင်းဖျရခြင်းဟာ ကျွဲပါး စောင်းတီးနေရသလိုပင်။ ဘယ်လိုပဲ ဖျောင်းဖျဖျောင်းဖျ လက်မခံကြချေ။

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now