အခန်း ၁၄၀ + ၁၄၁ + ၁၄၂

2.3K 226 6
                                    

ချောင်အန်းဟောင်က အစားအစာတွေကို လု ရှေ့တွင် သပ်သပ်ရပ်ရပ်ခင်းကျင်းပေးပြီး တစ်ခါသုံး တူတစ်စုံ ဖွင့်ပေးခဲ့သည်။

ထို့နောက် ချောင်က ဆက်ပြောတာက

"ရှင် ဘာကြိုက်တတ်လဲ ကျွန်မ မသိဘူး၊
ရှင် တစ်ခုလောက်စားကြည့်ပါလား ..."

လုကျင်းညန်က ချောင့်ကို တည့်တည့်စိုက်ကြည့်နေပြီး သူမကို လေ့လာနေသည်။

မကြာခင်မှာပဲ သူတို့အကြည့်ချင်း စုံမိသွားကြရင်း

ကြက်သေသေသွားပြီး ချောင် သူမရဲ့ စကားကို ဆက်မပြောနိုင်တော့ပါ။

မျက်လုံးများကျယ်လာပြီး ခေါင်းကိုအနည်းငယ်မြှောက်ကာ လုကို ပြန်ကြည့်မိသည်။

လုမျက်လုံးများတွေ အကြည့်ဝေးဝေးမလွှဲတော့ဘဲ အဲဒီအစား ပိုမိုနက်ရှိုင်းသောအရာတစ်ခုက သူ့မျက်လုံးထဲမှာ အစားထိုးသွားခဲ့​၏ ။

သူ့မျက်လုံးတွေဟာ တောက်ပနေလျက်။

ချောင်ငေးကြည့်နေစဉ် သူမ၏ နှလုံးခုန်နှုန်းသည်ထိန်းမနိုင်သိမ်းမရ မြန်လာသည်၊ သူမမျက်နှာအနည်းငယ် နီရဲလာသည်။

သူမ မျက်နှာပူလောင်တာကို သူမ ခံစားရသည် အထိ သူမအာရုံတွေ သူမ၏အကြည့်တွေကိုပြန်မရခဲ့ပေ။

သူမစိတ်ရှုပ်စွာဖြင့် တူကို ကောက်ယူလိုက်သည်။

"တူ"

ချောင့််အသံက လု ကို ပုံမှန်အတိုင်းပြန် ဖြစ်သွားစေ​၏ ။

အေးစက်တဲ့ပုံစံကို ပြန်မရောက်ခင် မျက်တောင်ပုတ်ခတ်ပုတ်ခတ် နည်းနည်းလုပ်​၏ ။

စကားတစ်ခွန်းမှမပြောဘဲ တူ ကိုယူလိုက်သည်။

မျက်လုံးကိုငုံ့ကာ သူသည်တဖြည်းဖြည်းစားလာသည်။

လု ကအသံမထွက်ဘဲ ကောင်းကောင်းစားခဲ့သည်။

တစ်ခန်းလုံးတိတ်ဆိတ်သွား​၏ ။

ချောင် လုရှေ့၌ ဒူးထောက်ပြီး သူမနဲ့မျက်လုံးမစုံခင် အချိန်အတော်ကြာကြာ ဒူးထောက်လိုက်​၏ ။

သူမ မျက်လုံးကို အနည်းငယ်မော့လိုက်ပြီး သူမရှေ့ကလူကို ကြည့်လိုက်ရင်း။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now