Chapter 1

13.2K 566 20
                                    

Unicode
**********

ငါက အရန်ဇာတ်ကောင်ပဲ။

ဟုတ်တယ်။ ပြောရရင် အပိုဇာတ်ကောင်တစ်ယောက်ပဲ။ အရန်ဇာတ်ကောင်တစ်ယောက်အနေနဲ့ ငါ့ရဲ့ အဓိကရည်မှန်းချက်ကတော့ ဇာတ်လိုက်ကောင်ကိုဆန့်ကျင်ဖို့၊ ဇာတ်လိုက်ကောင်ကိုဆန့်ကျင်ဖို့နဲ့ ဇာတ်လိုက်ကောင်ကိုဆန့်ကျင်ဖို့ပဲ။ အသေးစိတ်ရှင်းပြရမယ်ဆိုရင်

(၁) ပထမ ဦး ဆုံး အပြတ်သားနားပြီး၊ ခမ်းခမ်းနားနားထည်ထည်ဝါဝါနဲ့ ရိုင်းရိုင်းစိုင်းစိုင်း၊ ဘဝင်မြင့်၊ မာနထောင်လွှားသောပုံစံဖြင့်ပေါ်လာရန် ၊ထို့နောက်အဓိကဇာတ်လိုက်ကိုရှုံးရန်။

(၂) ဇာတ်လိုက်အနေနဲ့ အခက်အခဲ၊ အတားအဆီးတစ်ခုနှင့်ကြုံတွေ့ရသောအခါမျိုးတွင်အပြတ်သားနားပြီး၊ ခမ်းခမ်းနားနားထည်ထည်ဝါဝါနဲ့ ရိုင်းရိုင်းစိုင်းစိုင်း၊ ဘဝင်မြင့်၊ မာနထောင်လွှားသောပုံစံဖြင့်ပေါ်လာပြီး ဇာတ်လိုက်အား ထေ့ငေါ့လှောင်ပြောင်ရန်၊ သို့သော် ထိုေထ့လုံး၊ ငေါ့လုံးများတွင် ဇာတ်လိုက်အနေဖြင့် ပိုမိုကောင်းမွန်သည့် ဆုံးဖြတ်ချက်ချနိုင်ရန် လမ်းညွှန်ပေးသည့် စကားများ မသိမသာနှင့် ပါဝင်ရမည်။

(၃) ဇာတ်လိုက်နှစ်ယောက်ကြားက အချိတ်အဆက်သဘောသဘာဝကို ပိုမိုခိုင်မာအောင် လှုံ့ဆော်ပေးရန်၊ ထို့ပြင် အချစ်ကိစ္စများတွင် အဓိကဇာတ်လိုက် နှစ်သက်သော ဇာတ်ကောင် ( ဥပမာ ငါ့လို အရန်ဇာတ်ကောင်ေပါ့ )၊ ထိုဇာတ်ကောင်ဟာ နောက်ဆုတ်ပေးရမည်။ သို့မှသာ မည်သည့်အဖျက်အမှောင့်မှ မကြုံရပဲနှင့် အပြောင်းအလဲ တခုခုရှိလာပါကလည်းနောက်ဆုံးတွင် အဓိကဇာတ်လိုက်ရဲ့ေထွးပွေ့မှုအောက်၌ အ့ံဖွယ် သေဆုံးရမည်ဖြစ်သည်။ ထိုစိတ်နှလုံးထိခိုက်စရာ သေဆုံးမှုက ဇာတ်လမ်း၏အထွတ်အထိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး အဓိကဇာတ်လိုက်က ေနာက်ထပ်ဇာတ်လိုက်နှင့် နောင်တမရှိပဲ ချစ်သွားနိုင်မည်ဖြစ်သည်။

...... အာ ..... နောက်ဆုံးတစ်ခုကို စာရင်းထဲက ခြစ်ထုတ်လိုက် မယ်။ လူတိုင်းအသက်ရှင်နေသည့်ဇာတ်သိမ်းက နည်းနည်း ပိုပြီး နှစ်သိမ့်ကျေနပ်စရာဖြစ်ေစတာပဲ။

အရန်ဇာတ်ကောင်တစ်ယောက်၏အသက်ရှင်သန်ခြင်းနည်းလမ်းပေါင်းချုပ်(complete)Where stories live. Discover now