မခေါ်ဘဲ လာတဲ့အပူ ဆိုတာ

4.6K 220 20
                                    

#Uni

"ချစ်အလုပ်က ပြန်လာတာစောတယ်နော်..''

ချစ်အနားဝင်ထိုင်လိုက်တော့ ချစ်ကစာအုပ်ဖတ်နေ​ရာကနေ ပိတ်လိုက်ပြီး ငါ​​လေး​ခေါင်းကိုစာအုပ်နဲ့ ထုလိုက်ရင်း

"ဘယ်လောက်ထန်နေသလဲဆို...ခုမှအောက်ဆင်းလာရလား...အဲ့လိုကျ နင်တော်တော်ဇွဲကြီးတယ်နော်...''

"ချစ်ကလဲ ဘာတွေလာပြော...''

"ငါ့မှာတော့ စိုးရိမ်လိုက်ရတာ ညကတည်းကနေ မနက်အထိ... တံခါးကိုရိုက်ချိုးပြီး ဝင်လိုက်ရင် သူခိုးဝင်တယ်ဆိုပြီးတက်လာ​ကြအုံးမယ် ''

".....''

"သော့အပိုသွားတောင်းရင်လဲ လိုက်လာလို့နင်တို့ကိုတွေ့သွားခဲ့ရင် ရှင်းရမှာနဲ့ အတွေးတွေများရင်း အခန်းပြင်မှာ​တောင် အိပ်ပျော်သွားရ​ပေမဲ့ နင်တို့ကတော့ ဟူး...''

ချစ်ကပြောရင်းတန်းလန်းနဲ့ မီးဖိုချောင်ဘက်သွားနေတာ​ကြောင့်

"ချစ် ဘယ်သွားမလို့လဲ...''

"လာမေးမနေနဲ့ သေချာထိုင်နေ...နင့်ဘေးကခေါင်းအုံးကိုတွေ့လား...အဲ့တာကိုဖင်ခုထိုင်..''

"အာ...အင်း...အင်း...''

ကြောင်တောင်တောင်နဲ့ ဘေးက ခေါင်းအုံးအသေးလေးကို ဖင်ခုထိုင်လိုက်တော့ မဆိုးဘူး အိအိလေး...ပြောရရင် အောက်ပိုင်းက နည်းနည်းနာနေတာရယ်...ဒါတောင် ကလေးက ရေနွေးနဲ့ စိမ်ခိုင်းထားလို့ နည်းနည်းသက်သာသွားတာ

ခန​​နေ​တော့ ချစ်က ရေတစ်ခွက်ရယ်...ဆေးထုပ်လေးတစ်ထုပ်ရယ်ယူလာပြီး အနားဝင်ထိုင်လိုက်ရင်း

"ရော့...ဆေးသောက်...''

"ချစ် ငါနေကောင်းတယ်လေ...''

ပြောရုံရှိ​သေး ခေါင်းခေါက်ခံလိုက်ရတယ် ချစ်ကမျက်စောင်းကြီးထိုးရင်း

"ဟာမ​ရေ ဒါကအကိုက်အခဲပျောက်ဆေး...နင်တို့ ည​ကနေ ဒီချိန်ထိ ဟိုဟာ......ဖြစ်..''

ချစ်က ပြော​နေရင်းကနေ ဆက်မပြောတော့သလို မျက်နှာကြီးက​ပေါက်ထွက်မတက် နီရဲနေတာကြောင့်

"ဟိုဟာ...ဟိုဟာကဘာလဲ ချစ်...''

"နင်တို့အိပ်ကြတာကိုပြောတာ...မနက်ကနိုးတော့ ငါ့မှာ စိုးရိမ်တကြီးသော့ရှာရင်း ဖွင့်မယ်လုပ်တော့ အသံတွေကြားလို့ ပြန်ပိတ်ပြီး ထွက်လာခဲ့ရတယ်...''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now