မြှားနတ်မယ်လေး ငါပါ

3K 222 14
                                    

#Uni

ကလေးသွားပြီးတော့ နောက်၁နာရီလောက်မှာ...ဆရာ့အမေ စိုးရိမ်စရာမရှိတော့ဘူးလို့ ဆရာဝန်ကြီးတွေကပြောလာပြီး အရင် အခန်းကိုပြန်ပို့ပေးလိုက်ပေမဲ့ ဆရာကတော့ သူ့အမေက်ိုသာ ကြည့်နေသလို ကိုယ့်ကိုလဲ အထတောင်မခံခဲ့ဘူး

"ဆရာ...ဗိုက်မဆာဘူးလား..''

"ဟင်...''

"ဆရာ ချီကိုကြည့်...ဆရာ့အမေသာ အခုဆရာ့ပုံကိုမြင်ရင် စိတ်ချမ်းသာနိုင်ပါ့မလား..''

"ဒါပေမဲ့ ဆရာဝန်ကြီးတွေကပြောတယ်လေ..ဒီတစ်ခါကယ်နိုင်ခဲ့ပေမဲ့ နောက်တစ်ခါဆို... ''

"အင်းလေ...ဆရာဝန်တွေက အဲ့လိုပြောတာနဲ့ စိတ်လျော့ရရောလား..''

"....''

"အဲ့လို လက်လျော့ကြေးဆို...လွန်ခဲ့တဲ့၁၀နှစ်လောက်ကတည်းက ဆရာရော ဆရာ့အမေပါ ရှိ​​နေပါအုံးမလား...''

"ရှိရင်တောင် ဆရာသာလက်လျော့ခဲ့ရင် ခုလိုအောင်မြင်တဲ့လူမျိုးဖြစ်လာပါအုံးမလား..''

ပြောနေရင်း ဆရာ့အကြည့်တွေက ပုံစံပြောင်းသွားတယ်...လက်ကို ကိုင်ထားရာကနေ လည်ပင်းပေါ်က အရှေ့ကိုကျနေတဲ့ဆံပင်လေး​​တွေကို ဖယ်လိုက်ပြီး

ဆရာ့လက်တွေက လည်ပင်းကို ပွတ်နေရင်း အနားတိုးလာတယ်...ရုတ်တရက်မို့ ကြောင်နေပေမဲ့ ဆရာက တဖြည်းဖြည်း အနားကပ်လာပြီး

"လည်ပင်းမှာ အကိုက်ရာကြီး ''

ဆရာက လူကို စူးစူးစိုက်စိုက်နဲ့ကြည့်နေရင်းကနေ ဆရာ့အကြည့်တွေက နှုတ်ခမ်းနားကို ရောက်သွားပြီး သေချာကြည့်နေပြန်ပြီ

"နှုတ်ခမ်းလဲပေါက်နေတာပဲ..''

"အား...''

လက်မလေးနဲ့ နှုတ်ခမ်းကို ဖိလိုက်ရင်း နှုတ်ခမ်းနီဖျက်သလို ပွတ်လိုက်တာ​ကြောင့် နည်းနည်းစပ်သွားပြီး အသံထွက်လိုက်မိတော့

"နာသွားလား...sorry...''

အမှန်ပြောရရင် ဆရာက တကယ်ချောသလို အရမ်းလဲဆွဲဆောင်မှုရှိတယ်...နည်းနည်းလဲ ယောကျားပိုဆန်တာကြောင့် ခုလို မျက်နှာချင်း နီးကပ်နေတော့လဲ အနည်းနဲ့အများရင်ခုန်မိတာပေါ့...ဆရာက ညှို့နိုင်တဲ့ အစွမ်းရှိသလားပဲ

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now