🌹51🌹

4.4K 345 18
                                        

(Unicode Version)


အိမ်အပြောင်းအရွှေ့အတွက် လိုအပ်သမျှကို ဝယ်ယူဖို့ သိင်္ဂါရက ဈေးဘက်သို့ ထွက်လာခဲ့လေသည်။ တစ်ဈေးလုံးနီးပါး နှံ့နေအောင် ပတ်ကြည့်ပြီး စာရင်းထဲက ဝယ်စရာပစ္စည်းတွေအားလုံး စုံလင်သွားတော့မှ အိမ်ပြန်ဖို့ ခြေလှမ်းပြင်ခဲ့ရသည်။ ထိုအချိန်မှာပင် အရှေ့ဘက်နားက ပုံရိပ်တစ်ခုကြောင့် သေချာစွာ ကြည့်ပြီး လှမ်းခေါ်လိုက်မိသည်။

"ဦးလေး..."

ခေါ်သံကြောင့် လူလတ်ပိုင်းအရွယ်အမျိုးသားကြီးက သိင်္ဂါရဘက်သို့ လှည့်ကြည့်ပြီး ပြုံးရွှင်စွာ နှုတ်ဆက်လာခဲ့သည်။

"ဪ...ဆရာလေးပါလား!?"

သိင်္ဂါရက ဦးလေးကြီးရဲ့အနားသို့ လျှောက်လှမ်းသွားပြီး မေးလိုက်သည်။

"ဦးလေးက ဈေးလာဝယ်တာလား!?"

"ကျုပ်မိန်းမက အိမ်အတွက် လိုအပ်တာလေးတွေ ဝယ်ခိုင်းထားလို့ပါ။ ဆရာလေးကရော...ဈေးဝယ်ဖို့ လာတာပဲလား!?"

"ဟုတ်ကဲ့။ ကျွန်တော်လည်း အိမ်ပြောင်းရမှာမို့လို့ ပစ္စည်းတွေ လိုက်ဝယ်နေတာ။"

"ဆေးခန်းကရော!?"

"ဆေးခန်းကလည်း ပြောင်းရတော့မှာ။"

"ကျုပ်က ဆရာလေးဆီကို လက်ဆောင်လာပေးဖို့ စဉ်းစားနေတာ။ အခုက ဘယ်နေရာကို ပြောင်းရမှာလဲ!?"

Theoရဲ့သတိပေးချက်ကြောင့် သိင်္ဂါရလည်း ခဏတာသိုဝှက်ထားဖို့ ဆုံးဖြတ်လိုက်ရသည်။

"အိမ်က ပြင်ဆင်စရာလေးတွေ ရှိနေသေးလို့ အားလုံးပြီးသွားမှပဲ ဦးလေးဆီကို အိမ်တက်အတွက် လာဖိတ်ပါ့မယ်။"

"ကောင်းပါပြီကွယ်။ ဆရာလေးက ဖိတ်တာဆိုတော့ ကျုပ်ရော ကျုပ်မိန်းရော နှစ်ယောက်စလုံး လာခဲ့မှာပါ။"

"‌ဦးလေးက အခု အိမ်ကို ပြန်တော့မှာလား!?"

"ဟုတ်တယ်။ ဆရာလေးကရော!?"

"ကျွန်တော်လည်း အိမ်ပြန်တော့မှာ။ ဦးလေးရဲ့အိမ်အထိ ကျွန်တော် လိုက်ပို့ပေးပါ့မယ်။"

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Donde viven las historias. Descúbrelo ahora