ပြန်ဆုံခဲ့ရင်

3.5K 235 32
                                    

#Uni#

"ငမွှေလေး...ရောက်ပြီ...''

"ဟင်...''

"အိပ်မနေနဲ့ ထတော့...''

"အာ...ဟုတ် ချီ အိပ်ပျော်သွားတာပဲ..''

ဆရာ့ကို လင်ပေးစါးဖို့အရေး ကြိုးစားပမ်းစားတွေး​နေရင်း အိပ်ပျော်သွားတာ အိပ်ရောက်တဲ့အထိမနိုး...နောက်ဆုံး အကိုမိုးတိမ်က ကားပေါ်ကဆင်းပြီးလာနှိုးရတဲ့အ​​​ဖြစ်...အမြန်ထပြီး ကားပေါ်ကဆင်းလိုက်တော့

"မယ်မင်းကြီးမရေ ဘယ်လောက်နှိုးနှိုး မနိုးလို့ကားပေါ်ကဆင်းပြီးတောင် လာနှိုးရတယ်..''

"ဟီး... ''

"အကိုပြန်တော့မယ်...ငသွေးတစ်ယောက်ထဲဖြစ်နေမှာစိုးလို့...''

"ဟုတ်...ကောင်းကောင်းပြန်ပါ...''

ကိုမိုးတိမ်က သွားမလိုလုပ်ရင်းကနေ နောက်ကိုပြန်လှည့်လာပြီး လူကိုလာဖက်တယ်

"ကျေးဇူးတင်ပါတယ်...ငသွေးအနားနေပေးလို့ သူက လူကြီးပုံစံဖမ်း​နေပေမဲ့ ကလေးသာသာရယ်...သိပ်လဲသနားစရာကောင်းတယ်..''

"အင်း...ဆရာက ကံကောင်းပါတယ်...အကို့လိုလူမျိုးကို ရထားလို့..''

ပြောလိုက်တော့ ကိုမိုးတိမ်က ဖက်ထားရာကနေ ခွာပြီး

"ငါတော့ မထင်ပါဘူး...အမြဲလိုလို ဆူလိုက်ဟောက်လိုက်နဲ့ တခါတလေကျ အကောင်းတောင်အပြောမခံရဘူး...''

"ဒါပေမဲ့ အကိုမရှိရင် ဆရာက မနေနိုင်လောက်ဘူး..''

ပြောလိုက်တော့ သွားတွေပေါ်တဲ့အထိပြုံး​နေရင်း

"သွားတော့မယ်...နောက်နေ့တွေ့မယ်နော်...''

သူ့လင်အကြောင်းပြောတာနဲ့ ချက်ချင်းကို ကားပေါ်ပြေးတက်ပြီး မောင်းထွက်သွားတဲ့ ကိုမိုးတိမ်ကို မနိုင်ဘူးဆိုတဲ့ပုံစံနဲ့ ကြည့်ရင်း

"ဒီလောက်သိသာတာ သေချာတယ်..ဟူး... ဘယ်တတ်နိုင်မလဲ သဘောကောင်းတဲ့ငါလေးကပဲ...သူတို့ကို နီးစပ်အောင်လုပ်ပေးရတာပေါ့..''

အိမ်ထဲဝင်မလိုလုပ်နေရင်း ခုမှမေ့နေတာကိုသတိရသွားမိတယ်

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now