ဇာတ်သိမ်း

6.7K 295 72
                                    

#Uni

ပြုတ်ကျတယ်သာပြောတယ်...နာလဲမနာတဲ့အပြင် အောက်ပြုတ်ကျတော့လဲ မြေကြီးပေါ်ကျတာဆိုရင် မာတောင့်တောင့်ကြီးခံစားရမှာပေါ့...ခုဟာက ပျော့ပျော့အိအိကြီးပေါ် ပြုတ်ကျသလိုကြီး

တွေးနေတုန်း ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်နေရာကနေ လင်းထိန်သွားအောင် မီးတွေပွင့်လာတာကြောင့်

အမှောင်ထဲ ကျင့်သားရနေတဲ့ ကိုယ်က အလင်းရောင် စူးစူးတွေကို မြင်လိုက်ရတော့ မျက်လုံးတောင် ပြာသွားမိတယ်...ခုနကမှ အမြင့်က​နေကျလာတာဆိုတော့ နားတွေကလဲအူနေရော..

"ငါ...ငါ သေသွားပြီလား...နတ်ပြည်ရောက်လာတာလား...''

"ဟား... မသေပါဘူး မရဲ့..''

မျက်လုံးပိတ်ထားရင်း ကလေးအသံကြားလို့ ဖွင့်​ကြည့်လိုက်တော့ ကလေးက အောက်မှာ လှဲနေရင်း လူကိုသဘောကျသလိုကြည့်နေတယ်...ကိုယ်က ကလေးအပေါ်မှာ ခွရက်ကြီး... ကလေးအပေါ်တက်ထိုင်ထားသလိုဖြစ်နေပြီး အောက်ကိုသေချာကြည့်လိုက်တော့...

ပျော့ပျော့အိ ကစားကွင်းမှာ ကလေးတွေဆော့တဲ့လေပူဖောင်းကြီးပေါ် ကျလာတာကို...ဒါကြောင့် ဘာမှမဖြစ်တာပေါ့..

"ရား...ကလေး...ဒါဆို..''

"ဟီး...မ ကျွန်တော်ကိုချစ်မချစ် စမ်းကြည့်တာ...''

"လိလို စမ်းရလား...အခန့်မသင့်ရင် နှလုံးရပ်သေလောက်တယ်ဟဲ့...ငါ့ကိုအဲ့လောက် မယုံရင် လာမချစ်နဲ့..''

ထမလိုလုပ်တော့ ကလေးက ထထိုင်လိုက်ရင်း လူကိုလာဖက်တာ​​ကြောင့် အတင်းရိုက်ထုတ်ပြီး တွန်းဖယ်​နေပေမဲ့ လူကိုဖက်မြဲဖက်ထားရင်း...

"ချစ်လို့...မ ကိုအရမ်းချစ်လို့ပါဗျ...တောင်းပန်ပါတယ်...မ အရမ်းလန့်သွားမှာပေါ့...."

"အဟင့်...အဟင့်....ဗြဲ ''

"ဟာ မ ဘာလို့ငိုတာလဲ...''

"ကြောက်နေခဲ့တာ...''

"အင်းပေါ့ ...အမြင့်က ကျတာကို...''

"မဟုတ်ဘူး...ချီကြောင့် ကလေးက ရူးမလိုဖြစ်တဲ့အထိ ချီကို ချစ်မှာ ကြောက်နေခဲ့တာ..''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now