Chapter(16) - အဆင့်တက်ခြင်း

7.5K 1.4K 20
                                    

Unicode

အခန်း(16) - အဆင့်တက်ခြင်း

ရန်ကျင်းအဆင့်တက်သွားတဲ့ကိစ္စကမျှော်လင့်ထားပြီးသားဖြစ်သော်လည်းတကယ်တမ်းကြတော့ရုတ်တရက်ဆန်နေသေးသည်ပင်။

ရှန်ကျစ်ရှန်းသည်ညလယ်ခေါင်ကြီးမှာပြင်းထန်လှတဲ့ဝိဉာဏ်ချီအတက်အကျများကြောင့်နိုးလာရသည်။သူကဝတ်ရုံကိုအလျင်စလိုကောက်ဝတ်ပြီးဝိဉာဏ်ဆေးလုံးအားယူကာရန်ကျင်းတံခါးကိုသွားခေါက်လေသည်။

ဒီကမ္ဘာပေါ်မှာကျင့်ကြံဆင့်(၁၃)ဆင့်ရှိသည်။ဆဌမအဆင့်ကသေးငယ်တဲ့အဆင့်လေးတစ်ဆင့်သာဖြစ်ပြီးလေ့ကျင့်သူရဲ့စိတ်အခြေအနေကဆက်ပြီးကျင့်ကြံဖို့အတွက်လုံလောက်အောင်တည်ငြိမ်မှုရှိမရှိကိုအဓိကစစ်ဆေးခြင်းဖြစ်သည်။ဆဌမအဆင့်ကိုကျော်ပြီးမှသာလျှင်ရန်ကျင်းကကျင့်ကြံခြင်းဆိုတဲ့ကမ္ဘာထဲကိုအောင်အောင်မြင်မြင်ဝင်ရောက်နိုင်မှာဖြစ်၏။

အထူးသဖြင့်ရန်ကျင်းရဲ့အရည်အချင်းနဲ့စိတ်ဓာတ်များကြောင့်ရန်ကျင်းကနောက်တစ်ဆင့်ကိုတက်ဖို့အလွန်လွယ်ကူလိမ့်မယ်လို့ရှန်ကျစ်ရှန်းခံစားရသော်လည်းအကယ်၍ဆိုတဲ့အခြေအနေတစ်ခုအတွက်အကြီးအကဲဆီကနေဆေးတောင်းထားလိုက်သည်။ဖြစ်ချင်တော့ထိုဆုံးဖြတ်ချက်ကမှန်သွားသည်လေ။

ခဏလောက်တံခါးခေါက်နေပြီးတဲ့အထိတံခါးအတွင်းမှာမည်သည့်တုန့်ပြန်မှုမှမရှိသေးပေ။ရှန်ကျစ်ရှန်းကစိတ်ပူလာတာကြောင့်တံခါးကိုတိုက်ရိုက်တွန်းဖွင့်ပြီးအခန်းထဲသို့ဝင်သွားလိုက်သည်။ရလဒ်ကတော့သူကသူ့ဆီကိုအမြန်ဆုံးအရှိန်နဲ့ဝင်လာတဲ့ဓားပျံလိုမျိုးဝိဉာဏ်စွမ်းအားရဲ့ရိုက်ထုတ်မှုကိုခံရလုနီးပါးဖြစ်သွားရသည်။

သူကလျင်မြန်စွာရှောင်ရှားလိုက်ပြီးရန်ကျင်းရဲ့အခြေအနေကိုမြင်တော့မထိန်းချုပ်နိုင်စွာဖြင့်အသက်ကိုပြင်းပြင်းရှုမိတော့သည်။

ရန်ကျင်းသည်သူအဆင့်တက်တော့မယ်ဆိုတာကိုရုတ်တရက်နားလည်လိုက်တဲ့အချိန်မှာသူကအိပ်ပျော်နေခဲ့တာဖြစ်လိမ့်မည်။ရလဒ်ကတော့သူကအတွင်းဝတ်ရုံတစ်ခုတည်းကိုသာဝတ်ဆင်ထားပြီးလက်ရှိအခြေအနေကအရမ်းကြီးကောင်းမနေပေ။သူကအိပ်ယာပေါ်မှာတင်ပလ္လင်ခွေကာထိုင်နေပြီးသူ့ခန္တာကိုယ်ကအနည်းငယ်တုန်ယင်နေသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now