Chapter(2):အနိုင်ကျင့်ခံရခြင်း အနိုင်ကျင့်ခံရခြင်း

8K 1.4K 18
                                    

Zawgyi

"အရူးတွေ အရူးကြီးနှင့်အရူးသေးသေးလေး အပြင်ထွက်ခဲ့!"

"အရူးတွေ မင်းတို့ဒီနေ့ဘာလို့ အပြင်မထွက်လာတာလဲ? ငါတို့ကိုကြောက်လို့လား?"

"Haha...မင်းတို့ကကြောက်နေတယ်ပေါ့။
အရူးကြီးနဲ့ အရူးသေးသေးလေးတွေ haha..."

ရှုရန်ကသူကူးပြောင်းလာတယ်ဆိုတဲ့ အဖြစ်အပျက်ကို အကျဉ်းချုပ်ဖို့ကြိုးစားနေတုန်းမှာပဲ ကျယ်လောင်တဲ့ရယ်သံတွေက  အပြင်ဘက်ကနေထွက်ပေါ်လာခဲ့တယ်။ သူတို့ဘာပြောနေလဲဆိုတာကို ကြားပြီးတဲ့အချိန်မှာရှုရန်က ဒီခန္ဓာကိုယ်ရဲ့မိသားစုဘဝက အမှန်တကယ်ကိုခက်ခဲတယ်ဆိုတာကို သူရှာတွေ့လိုက်တော့မတတ်နိုင်ပဲ လှောင်ပြောင်တဲ့အပြုံးတစ်ချက်ကို ပေးလိုက်မိတယ်။

စာရေးရာမှာအာရုံစိုက်နေတဲ့ ကလေးနှစ်ယောက်ကလည်း ဆူညံသံတွေကြောင့် အကျိုးသက်ရောက်မှုရှိခဲ့တယ်။

"ကော်ကော် အဖေကိုအိမ်ထဲမှာစောင့်ကြည့်ထား။ ငါအပြင်ထွက်ပြီးတော့ တစ်ချက်ကြည့်လိုက်မယ်။" တျန်းတျန်းက ကော်ကော်ကိုပြောလိုက်တယ်။

"မဟုတ်ဘူး။ တျန်းတျန်း မင်းအပြင်ထွက်ရင် သေချာပေါက်အနိုင်ကျင့်ခံရလိမ့်မယ်။ မင်းမနေ့ကမြေကြီး ပေါ်တွန်းချခံရတာကို မမေ့နဲ့။ သူတို့တွေကိုအာရုံစိုက် မနေနဲ့။ သူတို့တွေကအခန်းထဲကို မဝင်လာရဲဘူးဆိုတော့ ငါတို့တွေအပြင်မထွက်ရင် အဆင်ပြေလိမ့်မယ်။" ကော်ကော်က သဘောမကျတဲ့လေသံနှင့် ပြောလိုက် တယ်။

"ဒါပေမယ့် သူတို့ရဲ့အသံကျယ်ကျယ်က ငါတို့ရဲ့ အဖေကိုအနှောင့်အယှက်ပေးလိမ့်မယ်။ အဖေကဒီ ရက်တွေမှာ ဖျားနေတော့ကောင်းကောင်းအနားယူဖို့ လိုအပ်တယ်လို့ဖေဖေပြောထားတယ်လေ။"

"ဒါပေမယ့်..." ကော်ကော်ကတစ်စုံတစ်ခုကို ပြောချင်နေပေမယ့် တျန်းတျန်းရဲ့စကားဖြတ်ပြောခြင်း ခံလိုက်ရတယ်။ "ကော်ကော် ငါတစ်ချက်သွားကြည့်ကြည့်မယ်။ ငါခြံဝင်း အပြင်ကိုမထွက်ပါဘူး။"

"မဟုတ်ဘူး။ ငါလည်းမင်းနှင့်အတူလိုက်ခဲ့မယ်။" ကော်ကော်က သူတစ်ယောက်တည်းအပြင်ထွက်ရင် သေချာပေါက်အနိုင်ကျင့်ခံရမယ်ဆိုတာသိနေလို့ အတင်းအကျပ်တိုက်တွန်းလိုက်တယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now