ကလေးရဲ့လူကြီး(Part-21)

526 46 1
                                    

Unicode
_______

ရှက်ပြီးဆန့်ကျင်ဘက်လမ်းဆီပြေးထွက်သွားသည့်
ဘတ်ဟျွန်းနောက်ကို..ချန်းညောလ်အပြေးလိုက်သွားသည်။

"ဘတ်ဟျွန်းနေပါအုံးကွ...ဘာလို့အဲ့လောက်မြန်မြန်သွားနေတာလဲ"

"ဘယ်မှာသွားနေလို့လဲ..ပုံမှန်အတိုင်းသွားနေတာပဲကို"

"မင်းဟာကလည်းပုံမှန်အတိုင်းသာဆိုတယ်..မပြေးရုံတမယ်.လူကောင်သေးသေးလေးနဲ့..မြန်လိုက်တာလည်းပြောမနေနဲ့."

"မင်းလိုကလန်ကလားကြီးနဲ့လူက ငါ့လိုလူကောင်သေးသေးနဲ့လူကိုတောင်..မယှဥ်နိုင်ဘူးဆိုတော့..ငါတော်တော်လေးတော်တာပေါ့"

"ဟားဟား ဟုတ်ပါတယ်ကွာ...ဒါနဲ့​လုဟန်ပြောသွားတာကို သိတယ်မလား"

လုဟန်စကားလို့ကြားလိုက်ကတည်းက ဘတ်ဟျွန်းမျက်နာနီတက်လာသည်။

"ဘတ်ဟျွန်း...မင်းရှက်နေတာလေးကချစ်ဖို့ကောင်းတယ်သိလား"

အော်..ဒီကရှက်ပါတယ်ဆိုမှ..သူကချစ်ဖို့ကောင်းတယ်တဲ..အဲ့ပတ်ချန်းညောလ်ကြီးသိပ်ဆိုး။

"ရှက်ရအောင်ငါက မိန်းကလေးလား"

"မိန်းကလေးတွေပဲရှက်ရမယ်လို့ဘယ်သူကပြောလဲ...တကယ်ပြောတာ..မင်းကမိန်းကလေးတွေထက်ပိုလှတယ်"

"ချန်းညောလ်မင်းမဟုတ်ကဟုတ်ကတွေပြောမယ်ဆိုရင်ပြန်တော့"

"မပြန်ဘူး..မင်းအနားပဲနေမှာ"

"မင်းငါ့ကိုရိသဲ့သဲ့တွေလာပြောနေရအောင်..ငါကမင်းရီးစားမဟုတ်ဘူး."

"ငါကဖြစ်ချင်ရင်ရော"

ဘတ်ဟျွန်းမှာကြောင်တောင်တောင်လေးဖြစ်သွားရသည်။အကြောင်းအရင်ကတော့..သူရီးစားစကားပြောခံရတော့မယ်ဆိုတာ..သိလို့ပေါ့။

"ကဲပါ..လာပါ..လမ်းမကြီးမှ..တခြားနေရာသွားရအောင်"

ဘတ်ဟျွန်လက်ကိုဆွဲကာ..လူသိပ်မရှိတဲ့နေရာကိုခေါ်သွားလိုက်သည်။

"ဘတ်ဟျွန်း...ငါမင်းကိုချစ်တယ်"

ဘတ်ဟျွန်းကတော့..ဘာမှပြန်မဖြေပဲအောက်ကိုပဲငုံကြည့်နေသည်။

ကလေးရဲ့လူကြီး။ (Complete)Where stories live. Discover now