Part- 63(သုံးနှစ်ကတိုတယ် သင်ပေးစရာတွေကအများကြီး..!)

20.5K 2.1K 148
                                    

(Zawgyi)🍀🍀🍀🍀🍀

Part- 63
(ကိုယ်..ချစ်သော clover..!!..)

လင်းနေကြည့်နေသော တစ်ခဏမှာပင်..
တစ်ဖက်သူက ဒေါသတကြီးဖြင့်ဝမ်ဟိုင်ကို..
တွန်းပြစ်လိုက်၏။ လင်းနေချက်ချင်းပင်ထိုနေရာ
သို့သွားကာ ဝမ်ဟိုင်ကိုယ်ကိုထိန်းကိုင်ပေးလိုက်
၏။ လင်းနေ မျက်ရည်လေးများကိုသုတ်ကာ..
နီတာရဲလေးဖြစ်နေသော ဝမ်ဟိုင်ကသူ့ကိုမော့
ကြည့်လာသောကြောင့် သူထိန်းမနိုင်စွာရီမိသည်။

"ကလေးလားကွာ..ဘာလို့ငိုရတာလဲ.."

လင်းနေပြောရင်း ဘောင်းဘီဘေးအိတ်ထဲတွင်
ဆောင်ထားသောလက်ကိုင်ပုဝါဖြင့်ပေတလူးကောင်
လေး ဝမ်ဟိုင်ကိုမျက်ရည်သုတ်ပေးလိုက်၏။ ဝမ်ဟိုင်
မျက်ရည်များရပ်သွားသော်လည်း ရှိုက်သံလေးတော့ ထွက်နေဆဲဖြစ်၏။ လင်းနေလက်ချောင်းသွယ်သွယ်
များဖြင့် ဝမ်ဟိုင်ခေါင်းပေါ်မှရေလှိုင်းပုံစံဆံပင်လေး
များကိုထိကိုင်ပွတ်သပ်လိုက်သည်။

လင်းနေ..ဝမ်ဟိုင်အခြေအနေကောင်းသွားသည်
အထိစောင့်ပြီးမှ ဆိုင်မန်နေဂျာလား..ပိုင်ရှင်လား
မသဲကွဲသောလူကြီးကိုမျက်နှာချင်းဆိုင်လိုက်သည်။

"ကလေးတစ်ယောက်ကို ဒီလောက်တော့မပြော
သင့်ပါဘူး..။ ပြောရရင်ဒါက တန်ဖိုးမကြီးတဲ့ပန်းကန်
လေးတွေ သပ်သပ်ဘဲမလား။ ပြန်လျော်ပေးမယ်လို့
သူပြောနေလျက်နဲ့။ ဘာကပြသနာဖြစ်ရတာလဲ..။
တောင်းပန်နေတဲ့ကလေးတစ်ယောက်ကို အနိုင်ကျင့်
တာ မှန်တဲ့လုပ်ရပ်လို့တော့ ကျွန်တော်မထင်ဘူး.."

ကြမ်းပြင်ပေါ်မှ ကြွေထည်အကွဲစများကိုတစ်ချက်
ကြည့်ပြီး ပြောလာသောလင်းနေပုံစံကအေးဆေး
လွန်းသည်။ သူပီသလွန်းစွာပြသနာ၏အရင်းမြစ်
ကို တစ်ချက်ခြင်းရှာဖွေပြီး စကားလုံးများဖြင့်..
တစ်ဖက်သူကိုချောင်ပိတ်တတ်၏။ လူညစ်လေး
ဝမ်ဟိုင်ကတော့ လင်းနေ၏ခါးနားအင်္ကျီစလေးကို
မရဲတရဲဟန်လေးဖြင့်ဆုပ်ကိုင်ရင်း ခေါင်းငုံ့ကာ..
ပြုံးနေလေ၏။

"ကျွန်တော်..ကျွန်တော်ပြောတာက.."

ဆိုင်ရှင်အမျိုးသားသည် ပြောချင်သည့်စကားလုံး
များ ထစ်အကာထွက်မလာဘဲဖြစ်နေတော့၏။
လင်းနေက တစ်ချက်ပြုံးကာအနက်ရောင်ပိုက်ဆံ
အိတ်ထဲမှ ပိုက်ဆံတစ်ထပ်ကိုထုတ်လိုက်၏။ သူက
လူရည်မွန်ပီသစွာပင် အပြုံးတစ်ချက်မပျက်စေရဘဲ
ဆိုင်ရှင်ကို ထိုပိုက်ဆံတစ်ထပ်အား ကမ်းပေးလိုက်
၏။ ပိုက်ဆံကိုရေလိုသုံးနိုင်သော သူဌေးလေးက..
အတော်ကိုကြည့်ကောင်းလွန်းသည်။

Clover your'e my clover[Completed]Where stories live. Discover now